Hyung

3.3K 221 81
                                    

" မက်သရူး ဆိုက သူလား "

" အား မက်သရူး ... ! "

"  မက်သရူး က ချစ်စရာလေးရော် "

" သူ က မက်သရူး ကိုး "

" မက်သရူး က မျှော်လင့် ထားတဲ့ အတိုင်း အရမ်းချောတာပဲ "

" ဟဲ့ ... မက်သရူး က ပုံထဲကထက်တောင် အပြင်မှာ ချစ်စရာကောင်းသေးတယ် "

ကျောင်းဝန်းထဲကို ခြေချလိုက်တာနှင့်တစ်ပြိုင်နက် လူတွေရဲ့ အာရုံစိုက်မှုတွေ အကုန်လုံးက မက်သရူး ဆီရောက်လာသည်။

ကျောင်းတက်တာ သုံးရက်ရှိနေပြီဖြစ်ပေမဲ့ ဒီနေ့မှ ဘာလို့ မက်သရူး ကို ထူးထူးဆန်းဆန်းဖြစ်နေကြလဲ မက်သရူး ကိုယ်တိုင်လည်း မသိရပါ။

" ဝမ်ကျောက် "

" အင်း ... "

" ငါ ဒီနေ့ တစ်ခုခု ထူးဆန်းနေလို့လား "

" မဆန်းပါဘူး ~ ပုံမှန်ပါပဲ "

" သူတို့တွေ ဘာဖြစ်နေကြတာလဲ "

" မိုလ်လားယို ... "

တစ်ဦးတည်းသော သူငယ်ချင်းလေးဖြစ်သူ ဝမ်ကျစ်ဟောက် ကို အားကို တကြီးမေးမိတော့လည်း သူက 'မိုလ်လားရော်' နှင့် 'နော်မူးချိုဝါးယို' အပြင် ဘာမှ ပြောမည့်ပုံ မပေါ်တာမို့ ဝမ်ကျောက်ကို အားကိုးမည့်အစီအစဥ်ကို လက်လျော့လိုက်ရသည်။

" မက်သရူး !!!!! "

အဝေးကနေ နာမည်ကို အော်ခေါ်ရင်းပြေးလာတဲ့ EC  Byul ကြောင့် မက်သရူး အနည်းငယ်ပင်လန့်သွားရသည်။

( A/N - Byul = ကြယ် = star creators )

" နင် ကျောင်းရဲ့ Community ထဲဝင်ကြည့်ပြီးပြီလား "

" ဟင့်အင်း ... ဘာလို့လဲ "

" နင်နဲ့ the whole king ပုံတွေ တက်နေတာလေ "

" ဟင် ? the whole king ? ဟို third year က  ဟိုအစ်ကိုကြီးလား "

" အေး နင်နဲ့ နင့် အစ်ကိုကြီး ပုံတွေချည်းပဲ "

မက်သရူး ကျောင်း ရဲ့ Community ထဲဝင်ကြည့်တော့ တကယ်လည်း သူနဲ့ စီနီယာ ဆောင်းဟန်ဘင်းရဲ့ ပုံတွေချည်း ဖြစ်နေတာ တွေ့လိုက်ရသည်။

ပုံတစ်ပုံက မက်သရူး ကို စီနီယာက ဖိနပ်ကြိုးချည်ပေးနေတဲ့ပုံဖြစ်ပြီး နောက်တစ်ပုံက စီနီယာက သူ့ကို စိုက်ကြည့်နေတဲ့ပုံဖြစ်သည်။ တကယ်တော့ သူနဲ့ စီနီယာက ဘာမှ မဟုတ်ချေ။  အရှုပ်တွေကို ဘယ်က စရှင်းရမည် မသိအောင် မက်သရူး ပုံတွေကိုကြည့်ရင်း စိတ်ဆင်းရဲသွားရသည်။

Sung Hanbin × Seok Matthew - One Short Collection Where stories live. Discover now