Mission To Break Their Hearts - Final

1.1K 159 21
                                    

Unicode

ဟန်ဘင်း ဘေးအိမ်ကိုပြောင်းလာ ကောင်လေးကို စိတ်ဝင်စားနေတာကြာပြီဆိုပေမဲ့ ဟန်ဘင်းရှေ့ရောက်လာရင် ဘာကြောင့်မှန်းရယ်မသိ မျက်နှာထားက တည်တင်းသွားတာကို သတိထားမိခဲ့တယ်။

စိတ်ဝင်စားလို့ မေးမြန်းကြည့်တော့ ထိုကောင်လေး နာမည်က 'ဆော့မက်သရူး' တဲ့ ။

မက်သရူးနဲ့ တစ်အိမ်တည်း အတူတူနေတဲ့ ကလေးကို မက်သရူးရည်းစားဖြစ်မယ်လို့ ထင်တာက တစ်ကြောင်း၊ မက်သရူးက ဟန်ဘင်းကိုဆို မကြည်တာက တစ်ကြောင်းမို့ မက်သရူးကိုစတွေ့ထဲက ပုံမှန်မဟုတ်တဲ့ ရင်ဘတ်ထဲက ခံစားချက်တွေကို ချိူးနှိမ်ထားရတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်က ဟန်ဘင်းရဲ့ တစ်ဝမ်းကွဲညီလေး ဟန်ယူဂျင်းက အထက်တန်းကျောင်းတက်ဖို့အတွက် ဟန်ဘင်းဆီပြောင်းလာခဲ့တယ်။ မက်သရူးနဲ့ တစ်အိမ်တည်းနေတဲ့ ဂယူဗင်းဆိုတဲ့ ကလေးက ယူဂျင်းကို သဘောကျရာကနေ မက်သရူးနဲ့ ဂယူဗင်းက ရည်းစားတွေ မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။

ငယ်လွန်းသေးတဲ့ ညီဖြစ်သူအတွက် ရည်းစားထားရင်း လမ်းမှားရောက်သွားမှာ ပူပန်တာ တစ်ပိုင်းပေမဲ့ မက်သရူးမှာ ရည်းစားမရှိဘူးဆိုတာ သိသိလိုက်ရချင်း ရင်ထဲက မျှော်လင့်ချက်ကလေးက ပြန်ရှင်သန်လာတယ်။

ယူဂျင်းလေးက အထက်တန်းရောက်လာပြီမို့ ရည်းစားထားတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး ချုပ်ချယ်တာမျိုးမလုပ်ချင်ပေမဲ့လည်း အစ်ကို တစ်ယောက်အနေနဲ့ အမြဲစောင့်ကြည့်တာမျိုးလုပ်ရတယ်။ ဂယူဗင်းဆိုတဲ့ ကလေးက လူလိမ္မာလေးဖြစ်ပြီး ယူဂျင်းကို တကယ်ချစ်မှန်း ဟန်ဘင်း ခံစားမိပါတယ်။ ဒါပေမဲ့ အခုမှ အထက်တန်း တက်ခါစ ညီလေးကို ဟန်ဘင်းကတော့ စိတ်မချနိုင်သေးပါဘူး။ ဒါကြောင့်မို့ ကြည်ကြည်ဖြူဖြူ ခွင့်မပြုထားဘူး ဆိုပေမဲ့လည်း ဟန်ဘင်း အနေနဲ့ ယူဂျင်းနဲ့ ဂယူဗင်းကို ခွဲပစ်ဖို့တော့ အစီအစဥ်မရှိဘူး။

ညကြီးအချိန်မတော် တံခါးဖွင့်သံကြားလိုက်ရတာမို့ ဟန်ဘင်း လန့်နိုးလာတယ်။ ဆက်အိပ်နေဖို့လုပ်ပေမဲ့လည်း စိတ်ကထင့်နေတာမို့ အိမ်ရှေ့ကို ထွက်ကြည့်လိုက်မိတယ်။ ဧည့်ခန်းက မီးလင်းနေတဲ့အပြင် ဟန်ယူဂျင်းက သူ့အခန်းမှာ သူရှိမနေတာမို့ ဟန်ဘင်းလည်း တစ်ဦးတည်းသော ညီဝမ်းကွဲလေးနောက်လိုက်ဖို့ပြင်ရတော့တယ်။

Sung Hanbin × Seok Matthew - One Short Collection Where stories live. Discover now