Mission To Break Their Hearts - 1

1.3K 153 26
                                    

" ဟိတ်ကောင် ... အဲ့ဒီတစ်ယောက်ဆိုရင်တော့ နိုးပဲနော် "

" အစ်ကိုပဲ ... ဟိုတစ်နေ့က ဟန်ယူဂျင်းနဲ့ သဘောတူပါတယ်ဆို ၊ ချစ်စရာကောင်းလွန်းလို့ မင်းနဲ့တောင်မလိုက်ဘူးဆို ၊ အစ်ကိုကတောင် ကူလိုက်ပေးအုံးမှာဆို "

မက်သရူးနဲ့ ဂယူဗင်းတို့ ရဲ့ စကားဝိုင်းက အချိန်ကြာလာတာနဲ့ အမျှ ရန်ဖြစ်ဖို့ကို ဦးတည်လာတယ်။ တကယ်တမ်း ဂယူဗင်းနဲ့ မက်သရူး ရန်ဖြစ်ရတဲ့ အကြောင်းအရင်းက ဆောင်းဟန်ဘင်းဆိုတဲ့ လူဆီမှာ မြစ်ဖျားခံတယ်။

'မက်သရူး' နဲ့ 'ဂယူဗင်း' ရဲ့ ဆက်ဆံရေးကိုခေါင်းစဥ်တပ်ရမယ်ဆို အဖေလည်းမတူ မအေလည်းကွဲတဲ့ ညီအစ်ကိုတွေလို့ ပြောရမည် ဖြစ်သည်။ မက်သရူးမေမေနဲ့ ဂယူဗင်းမေမေနဲ့က သူငယ်ချင်းတွေဖြစ်သည်။ မိဘနဲ့ဝေးရာမှာ ကျောင်းတက်ရဖို့ အကြောင်းဖန်လာတာချင်းလည်းတူတာမို့ မက်သရူးအထက်တန်း၊ ဂယူဗင်း အလယ်တန်းကတည်းက အဆောင်တစ်ခုတည်းမှာ အတူတူနေရင်းကျောင်းတက်ခဲ့ကြသည်။

မက်သရူး ဘွဲ့ရပြီးတဲ့ အချိန်ကျမှာတော့ ဂယူဘင်း တက္ကသိုလ်နဲ့ရော၊ မက်သရူးရဲ့ အလုပ်နဲ့ပါ နီးတဲ့ အိမ်တစ်ခုမှာဝယ်ပြီး နှစ်ယောက်အတူတူ ဆက်နေခဲ့ကြသည်။ မိဘတွေ၊ မောင်နှမအရင်းအချာတွေထပ်ကိုအချင်းချင်းအတူ ကုန်ဆုံးရတဲ့ အချိန်က များတာမို့ မက်သရူးနဲ့ ဂယူဗင်းက သူငယ်ချင်းလို၊ ညီအစ်ကိုလို၊ သားအဖလို ဆက်ဆံရေးမျိုး ...။

အခုဖြစ်နေတဲ့ ပြဿနာတွေက ဂယူဗင်းက လွန်ခဲ့တဲ့အပတ်က အိမ်နားက Mini mart တစ်ခုမှာ ကောင်လေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားရာကနေစတင်သည်။

ကံကောင်းချင်တော့ ထိုကောင်လေးက ဂယူဗင်းတို့ ဘေးအိမ်က ဆောင်းဟန်ဘင်း၏ ညီငယ်လေး ဖြစ်နေခဲ့ခြင်း ဖြစ်ပြီး ကံဆိုးချင်တော့ ဆောင်းဟန်ဘင်းက အစ်ကို မက်သရူးနှင့် ဘယ်လိုမှ မတည့်ခြင်းသာ ...။

" မရဘူး ... ဆောင်းဟန်ဘင်း ညီဆိုရင်တော့ ဘယ်လိုမှ မရဘူးနော် ဂယူဗင်း "

" ကျွန်တော်ချစ်တာ ဆောင်ဟန်ဘင်း ညီမဟုတ်ဘူး
ဟန်ယူဂျင်းလို့ ဟန်ယူဂျင်းကို ချစ်တာပါဆို "

Sung Hanbin × Seok Matthew - One Short Collection Where stories live. Discover now