Against ( all your hyungs) - Final

1.3K 136 22
                                    

Unicode

" Hyung နဲ့ Matthew နဲ့က တကယ်ကြီး ဘာမှ မဖြစ်သေးဘူးပေါ့ "

Gunwook က သက်ပြင်းတချချ၊ ခေါင်းတစ်ခါခါနှင့်    မျက်လုံးတွေပါလှန်ပြပြီး Hanbin ကို မယုံနိုင်တဲ့ပုံစံနှင့် မေးသည်။

" အင်း ... မဖြစ်ပါဘူးဆိုနေ "

Hanbin ကိုကြည့်ပြီး Gunwook က သက်ပြင်းတချချ ...။

" မဟုတ်သေးဘူးလေ Hyung ရဲ့ သူ့အစ်ကိုတွေနဲ့တောင်အဆင်ပြေနေပြီဟာကို ... "

" သူ့ အစ်ကိုတွေက ငါ Matthew ကို သဘောကျနေတာ မသိသေးလို့ အဆင်ပြေတာလေ "

Hanbin ပြောတာကလည်း ဟုတ်နေတာမို့ Gunwook ပါငြိမ်ကျသွားသည်။

" ဒါမဲ့လေ ထိုင်နေလို့ ဘာထူးမှာလဲ Hyung "

" ဖွင့်ပြောကြည့်ရမလား "

" ဟာ ... hyung ကလည်း တန်းခနဲကြီး ... ဆွဲထိုးခံရမှာပေါ့ "

" ဒါဆို ငါက ဘာလုပ်ရမှာလဲ "

" တွေ့ရင် အခုလို အူတူတူ လုပ်မနေဘဲ သဘာဝ ကျကျ ချည်းကပ်ကြည့်ပေါ့ "

Hanbin က သက်ပြင်းသာ ချပြန်သည်။ Gunwook က စိတ်မရှည်ချင်တော့ ...။

" ဘယ်လို သဘာဝကျကျ လုပ်ရမလဲ "

" မသိတော့ဘူး ကပ်တတ်သလိုသာ ကပ်တော့ ... "

Gunwook က စိတ်မရှည်တော့ဘဲ ခေါင်းတကုတ်ကုတ်နှင့် ခုံပေါ်မှောက်အိပ်လိုက်သည်။ Gunwook ခေါင်းပြန်ထောင်လာချိန်မှာ အတန်းထဲကို တည့်တည့်မတ်မတ်ဝင်လာသူက Hanbin ရဲ့ အသည်းတစ်ခြမ်း ဖြစ်တဲ့ Matthew ...။

" Matthew ရေ ... Matthew ၊ Seok Matthew "

Gunwook ၏ အာပြဲကြီးနှင့် အော်တာကြောင့် Matthew အပါအဝင် တစ်တန်းလုံးရဲ့ အာရုံစိူက်မှုတွေက Gunwook ဆီရောက်လာကြသည်။

" ငါ့အစ်ကို Sung Hanbin က မင်းကို မှ မရရင်သေတော့မှာတဲ့ "

" Yarr ... Park Gunwook အဲ့တာ... "

Hanbin က Gunwook ပါးစပ်ကိုလှမ်းပိတ်လိုက်တာမို့ Gunwook ခင်မျာ ဝူးဝူးဝါးဝါး ဖြစ်လို့နေသည်။

Matthew ကတော့ နားရွက်ဖျားတွေ ရဲတွတ်လာသည်အထိ ရှက်သွားပြီး အသိစိတ်ဝင်ချိန်မှာ အတန်းထဲက ထွက်သွားသည်။

Sung Hanbin × Seok Matthew - One Short Collection Where stories live. Discover now