Plot Twist 1

1.4K 150 14
                                    


Unicode

ကျိကျိတက်ချမ်းသာတဲ့ မိသားစုရဲ့ အချစ်ခံလေးဖြစ်တဲ့ အထွေးဆုံးသားလေး Sung Hanbin ။

ဘွဲ့ရပြီးတာ ၆ လလောက်ရှိပြီဆိုပေမဲ့ Hanbin ရဲ့ လက်ရှိ အလုပ်ကို ​ပြပါဆိုရင်တော့ အိပ်တာ နဲ့ စားတာ အပြင် မယ်မယ်ရရ မရှိဘူး။

အငယ်ဆုံးလေး ဖြစ်တဲ့ Hanbin က အစ်ကိုတွေ၊ အစ်မတွေလို မိသားစု ကုမ္ပဏီမှာဝင်ပြီး အလုပ်မလုပ်ဘဲ ကိုယ့်အလုပ်ကိုယ်ရှာပြီးမှ ကုမ္ပဏီကို ပြန်လာဦးစီးမယ် ဆိုပြီး မာနကြီးနေတယ်။ အစ်မဖြစ်သူကတော့ Hanbin ကို ပြောရှာပါတယ် 'တလွဲမာန ' တဲ့။

တလွဲမာနတွေ ကြီးနေတဲ့ Hanbin ဟာ ကျောင်းပြီးကတည်းက နေ့စဥ်နေ့တိုင်း Website တွေပေါ်မှာ၊ သတင်းစာတွေထဲမှာ သူနဲ့ သင့်တော်မဲ့ အလုပ်တွေကို ရှာရင်း ကုန်ဆုံးတယ်။

လုပ်ငန်းအတွေ့အကြုံလိုချင်ကြတဲ့ သူတို့ရယ်၊ အတွေ့အကြုံကလွဲလို့ ကျန်တာ အကုန်ရှိတဲ့ Hanbin ရယ်ဟာ တိုင်ပတ်ကြတော့တာပါပဲ။

*yo ... bro ဒီ Company သွားပါ့လား ၊ သူဌေးကလည်း ငယ်သေးတယ် ပြီးတော့ အရည်အချင်းကိုပဲကြည့်ခေါ်တာ များတယ်တဲ့*

သူငယ်ချင်းပို့ပေးတဲ့ WH ကုမ္ပဏီကို ချက်ချင်းပဲ Hanbin အလုပ်လျှောက်လွှာလှမ်းတင်လိုက်တယ်။

WH ကုမ္ပဏီက မိသားစု စီးပွားရေးသေးသေးလေးကနေ လက်ရှိသူဌေးလက်ထက်ရောက်မှ ဝန်ထမ်း ရာချီရှိတဲ့ ကုမ္ပဏီတစ်ခုအထိ တိုးတက်သွားတာဖြစ်သည်။ အလုပ်ရလျှင် ကြိုးကြိုးစားစား အလုပ်လုပ်ပြီး သူဌေးနားမှာ ကပ်ရင်း ပညာ ယူရမည်ဟု စိတ်ကူးထားလိုက်သည်။

Hanbin လို တက္ကသိုလ် ကောင်းကောင်းက ဘွဲ့ရထားတဲ့ လူပင်လျှင် နောက်ခံမပါဘဲ အလုပ်ရှာရ ခက်နေတဲ့ အချိန်မှာ တခြားသူတွေဆို ဘယ်လိုများနေမလဲ တွေးရင်း အင်တာဗျူးဖြေဖို့ လိုအပ်သည်များကို ပြင်ဆင်နေလိုက်တော့သည်။

🏹

တစ်ပတ်အတွင်း အင်တာဗျူးခေါ်ခံရပြီး WH မှာ ချက်ချင်းပင် အလုပ်ရသွားတာမို့ Hanbin တစ်ယောက် အလုပ်ဆင်းဖို့ တက်ကြွနေသည်။

ဒီနေ့က Hanbin အလုပ်ဆင်းရမည့် ပထမဆုံးရက်ဖြစ်သည်။ အစ်မဖြစ်သူကလွဲလျှင် တစ်အိမ်လုံးကသူများအလုပ်မှာ ဝန်ထမ်း သွားလုပ်မည့် ကိစ္စကို သဘောမကျကြချေ။ သို့သော် Hanbin ကတော့ အထူးတလည် ဂရုစိုက် မနေပါ။

Sung Hanbin × Seok Matthew - One Short Collection Where stories live. Discover now