Against ( all your hyungs )

1.3K 150 32
                                    

Unicode

( Note : Korea ရဲ့ ပညာရေး System ကိုသေချာမသိတာမို့ ဒီ Fiction ထဲမှာရေးထားသမျှ အတန်းတွေက ကိုယ်အားသန်သလိုယူရေးထားတာမို့ ကြိုပြီးတောင်းပန်ပါတယ် 🌸🤍 )

" ကျောင်းက ဘာလို့ ဒီလောက် ကျယ်နေတာလဲ  "

အထက်တန်း ဒုတိယစာသင်နှစ်ဝက်ရောက်မှ ကျောင်းပြောင်းလာရတဲ့ Hanbin အဖြစ်က အတော်လေး ယောင်လည်လည် နိုင်လှသည်။

" Park Gunwook ရေ ... မနက်က ငါ့ကို Canteen ဘယ်နားမှာလဲတောင် ပြောမသွားဘူး ကောင်စုတ်လေး "

မေတ္တာပို့နေတုန်း " HYUNG ! " ဆိုတဲ့ ခေါ်သံနဲ့အတူ ကျေးဇူးရှင်လေး Park Gunwook က Han bin ရဲ့ ဘေးရောက်ချလာသည်။

ကျောင်းအသစ်မှာ ပထမဆုံးတက်တဲ့နေ့မို့ တစ်ကျောင်းလုံးမှာ သူနဲ့သိတာ အိမ်နီးချင်းညီလေး Park Gunwook သာရှိသည်မဟုတ်ပါလား။

" ဟဲဟဲ ... Hyung လမ်းပျောက်နေမယ်လို့ထင်တယ် အဲ့တာကြောင့် လာခေါ်တာ "

" သွားရအောင် ... Hyung ဗိုက်ဆာပြီ "

Canteen ရောက်တော့ မနက်က Hanbin ရဲ့ နှလုံးသားနုနုကို ခလုတ်တိုက်သွားတဲ့ ဖိုးပြုံးချိုကောင်လေးအကြောင်းကို Gunwook အားမေးကြည့်မိသည်။

" Gunwookie ... "

Hanbin က ချိုချိုသာသာခေါ်လိုက်တာမို့ Park Gunwook က ဘာဖြစ်ချင်နေတာလဲ ဆိုတဲ့ သဘောနှင့်ကြည့်လာသည်။ တကယ်တော့ Park Gunwook က အများထင်နေသလို လူဆိုးလေးမဟုတ်ဘဲ လူဂျစ်ကလေးသာဖြစ်သည်။

" ​အမ်းးးး "

" မနက်က မင်းအတန်းထဲကို ခဏဝင်တုန်းက မင်းတို့အတန်းထဲက အပြုံးချိုချိုနဲ့ ကောင်လေးကို သိလား "

Park Gunwook က လာချပေးတဲ့ တော့ပိုကီကို ယူစားရင်း မျက်မှောင်ကြီးကြုံ့ပြီးအသဲအသန်စဥ်းစားနေပုံရသည်။

" ပြောပြရင် Hyung ဒီဝိုင်းကိုရှင်းမလား "

" အင်း ... ရှင်းမယ် "

" ဟီးဟီး ဒါဆို ခဏစောင့် "

အစားနှင့် လာဘ်ထိုးလိုက်မှ ကြည်ကြည်သာသာဖြစ်သွားပြီး Park Gunwook တစ်ယောက် ဖုန်းကောက်ကိုင်ကာ အသဲအသန်ကြိုးပမ်း အားထုတ်တော့တယ်။

Sung Hanbin × Seok Matthew - One Short Collection Where stories live. Discover now