Against ( all your hyungs )- 2

989 146 19
                                    

Unicode

Zhang Hao က စာနာတတ်တယ်၊ နူးညံ့တယ်၊ ကူညီတတ်တယ်၊ သဘောကောင်းတယ်၊ ကလေးတွေကိုချစ်တတ်တယ်၊ တယောထိုးရတာကြိုက်တယ်။

Gunwook ပြောပုံအရဆို Zhang Hao က ချည်းကပ်ဖို့အလွယ်ကူဆုံး ၊ သဘောအကောင်းဆုံးအစ်ကိုဖြစ်တယ်။

Zhang Hao ကိုချည်းကပ်ဖို့ အစက တယောသင်တန်း လိုက်တက်မလို့ ကြံရွယ်ပေမဲ့ Krump သင်တန်းနဲ့ အချိန်တိုက်နေတာမို့ Hanbin မတက်ဖြစ်ခဲ့ဘူး။

" Zhang Hao Hyung က စနေ၊ တနင်္ဂနွေဆို မိဘမဲ့ကျောင်းမှာ အချိန်ပိုင်း လုပ်အားပေးအနေနဲ့ စာသင်ပေးတယ် "

Hanbin ရဲ့ မျက်လုံးတွေက Gunwook ရဲ့ သတင်းပေးမှု အဆုံးမှာ လင်းလက်လာတယ်။ သူကိုယ်တိုင်ကလည်း ကလေးချစ်တာမို့ Zhang Hao နဲ့သာ ရင်းနှီးရမယ်ဆို ဒီကိစ္စက ထွေထွေထူးထူး ခက်ခဲတာ မဟုတ်ဘူး။ ပြီးတော့ မိဘမဲ့ ဂေဟာမှာ လုပ်အားပေးဆိုရင် Hanbin ပေါ်မြင်တဲ့ အမြင်လည်းကောင်းတာမို့ အမှတ်လည်းတိုးနိုင်တယ် မလား။

Zhang Hao က ညီသုံးယောက်ကို အရမ်းချစ်တာမို့ ညီသုံးယောက်နဲ့ အဆင်ပြေရင် ပြေမှာပါ ဟု Gun Wook ကပြောသည်။

Zhang Hao ဆီက အမြင်ကြည်ခံရဖို့အရေးနှင့် Hanbin အပတ်တိုင်း မိဘမဲ့ကျောင်းသွားပြီး အကူဆရာလုပ်ကိုင်ခြင်းလုပ်ငန်းစဥ်ကို စတင်ခဲ့သည်။

Gunwook ပြောသလိုပဲ အစ်ကိုကြီး Zhang Hao က သဘော အကောင်းဆုံးဖြစ်တာမို့ ရင်းနှီးဖို့လည်းလွယ်ခဲ့တယ်။ Hanbin ကိုယ်တိုင်ကလည်း ကလေးတွေဆို ဂရုတစိုက်ရှိတာမို့ သဘောကောင်းတဲ့ Zhang Hao နဲ့ လျှင်လျှင်မြန်မြန်ပဲ ရင်းနှီးသွားခဲ့တယ်။

Weekend တွေမှာ လုပ်အားပေးဆရာလုပ်နေရတော့ တော့ weekdays တွေကို နားရလားဆိုတော့လည်း မဟုတ်ပြန်။ အကဆို Wacking tutting ပိုင်းကို specialized ယူထားတာပေမဲ့ အခုတော့ တစ်ပတ်ကို သုံးရက် Krump အတန်းတက်နေရပြီ ဖြစ်တယ်။ အကြောင်းအရင်းကတော့ Matthew ရဲ့ အစ်ကိုလတ် Wang Zihao နဲ့ ရင်းနှီးချင်လို့ ။

Wang Zihao က အေးအေးဆေးဆေးနေတတ်တဲ့လူမို့ Hanbin ချည်းကပ်ရတာ သိပ်တော့ မလွယ်ကူခဲ့ဘူး။ Hanbin ပြုံးပြရင် ပြန်ပြုံးပြတယ်။ Hanbin နှုတ်ဆက်ရင် ပြန်နှုတ်ဆက်တယ်။ မေး၊ ထူး၊ ခေါ်၊ ပြော အခြေအနေဖြစ်နေပြီဆိုပေမဲ့ Hanbin က Zihao နဲ့ဆို ဘာအကြောင်းအရာ ပြောရမယ်မှန်းမသိဘူး။

Sung Hanbin × Seok Matthew - One Short Collection Where stories live. Discover now