Plot Twist - Final

1.1K 147 39
                                    

Unicode

မနက်ခင်းမှာ စိတ်ရှုပ်စရာကောင်းအောင် ကိုယ့်ကို လာစင်တဲ့ ကော်ဖီစက်တွေက ရင်ခုန်စရာလည်းဖြစ်နေနိုင်ပါတယ်။ အဲ့ဒီလူကသာ ကိုယ့်ထက် လပိုင်းလေးပိုကြီးတဲ့ ခပ်ချောချော အစ်ကိုကြီးတစ်ယောက်ဖြစ်နေမယ် ဆိုရင်ပေါ့။

ဝန်ထမ်းရာချီကို ဦးစီးရတဲ့အပြင် ကျောင်းစာတွေပါ ခေါင်းထဲထည့်ထားရတယ်ဆိုပေမဲ့ Matthew ရဲ့ ဦးနှောက်လေးက မှတ်ဉာဏ်အရမ်းကောင်းတယ်။ အောက်ခြေဝန်ထမ်းတွေရဲ့ ကိုယ်ရေးမှတ်တမ်းကစလို့ ဝန်ထမ်းအားလုံးကို မှတ်မိနေတတ်တယ်။ အလုပ်လာလျှောက်တဲ့ Form တွေကိုလည်း သူကိုယ်တိုင်ရွေးချယ်ပေးတာဖြစ်ပြီး ကိုယ်တိုင် Interview မလုပ်နိုင်ခဲ့ရင်တောင် Interview ထားလုပ်တဲ့ Clip တွေကို ပြန်ကြည့်ပြီးမှ ရွေးချယ်ခဲ့တာ။ အထူးသဖြင့် ကုမ္ပဏီရဲ့ အသက်သွေးကြောလို ဖြစ်နေတဲ့ ဒီဇိုင်းဌာနမှာ ခန့်မဲ့ ဝန်ထမ်းတွေ ...။

တကယ်တော့ Matthew က Hanbin ကို မြင်ကတည်းက မှတ်မိနေခဲ့တာဖြစ်သည်။

ကိုယ့် ကုမ္ပဏီက ဝန်ထမ်းရဲ့ အကျင့်စာရိတ္တကို သိချင်တာရော၊ တကယ်လည်း ကျောင်းက ရေးခိုင်းတဲ့ Assignment က Fashion နဲ့ ဆိုင်နေတာရောကြောင့် Matthew တစ်ခုတ် နှစ်ချက်ပြတ် စမ်းသပ်ကြည့်လိုက်တယ်။

အလုပ်ဆင်းရမဲ့ ပထမဆုံးနေ့ဖြစ်တာမို့ သိပ်တော့ မမျှော်လင့်ထားပေမဲ့ အလုပ်အပြုတ်ခံပြီးတောင် ကူညီပေးလာတဲ့ Sung Hanbin ကို Matthew အံ့သြချီးကျူးရတော့တာပဲ။ Hanbin က စိတ်ရင်းကောင်းရုံတင်မဟုတ်ဘဲ Idea တွေပါကောင်းတာကို assignment ကူလုပ်ပေးနေတဲ့ခဏအတွင်းမှာ မြင်လိုက်ရတယ်။ ဒီလိုအရည်အချင်းရှိတဲ့ လူတစ်ယောက်ကို ရွေးခဲ့မိလို့လည်း စိတ်ထဲမှာ အကြိမ်ကြိမ်ဂုဏ်ယူနေမိတယ်။

ကုမ္ပဏီကို သွားဖို့ လမ်းကြောင်းပေးတော့လည်း Hanbin က ဟိတ်ဟန် သိပ်မများဘဲ သူ အလုပ်ပြုတ်သွားပြီဖြစ်ကြောင်းပြောလာတယ်။ တစ်ဖက်လှည့်နဲ့ ကုမ္ပဏီဆီ ရောက်အောင်ခေါ်သွားတော့လည်း နောက်ဆုံးအထိ Matthew က ဘယ်သူဆိုတာ သိပုံမပေါ်ဘူး။

" ကြိုဆိုပါတယ် Sung Hanbin shii ...
ကျွန်တော်က WH ကုမ္ပဏီ ရဲ့ CEO founder Seok WooHyun ပါ "

Sung Hanbin × Seok Matthew - One Short Collection Where stories live. Discover now