Part-1

1.5K 52 4
                                    


                           အပိုင်း(၁)

မှောင်မဲနေတဲ့လမ်းတစ်လျှောက်...
တစ်ယောက်တည်းလမ်းလျှောက်လာပေမယ့် ခြေသံတွေက များလွန်းတယ်။ ညီမလေးအတွက် ဝယ်လာတဲ့ခေါက်ဆွဲကြော်လေးကို
ရင်ခွင်ထဲမှာပိုက်ကာ လမ်းတစ်လျှောက် အသားကုန်ပြေးလာလိုက်သည်။

ဒုတ်!

ခေါင်းတွေမူးဝေသွားပြီး လမ်းမထက်မှာ လှဲလို့နေသည်။ ညီမလေးအတွက်
ခေါက်ဆွဲကြော်ဘူးလေးဟာ ပြုတ်ကျပြီး ဘူးထဲက ခေါက်ဆွဲတွေဟာ အပြင်မှာထွက်ကျလို့နေပြီ။ မျက်လုံးတွေမမှိတ်ခင် နောက်ဆုံးမြင်လိုက် ရတာက လူတစ်ယောက်ရဲ့ လက်မှာထိုးထားတဲ့ တက်တူး...

           ပြန်ပေးဆွဲမခံရခင်နာရီပိုင်းအလို

"ကိုကိုရေ ညီမလေးခေါက်ဆွဲကြော်လေးစား ချင်လို့ ကိုကို ဝယ်ကျွေးပါလား"

"ကိုကို့ညီမလေးစားချင်တာကို ကိုကိုက ဝယ်ကျွေးရမှာပေါ့ အလုပ်ကနေပြန်လာရင်
ကိုကို ဝယ်ခဲ့မယ်နော်"

"အရမ်းနောက်မကျနဲ့နော် ညဘက်ဆို ညီမလေးကြောက်တာ ကိုကိုပြန်တာနောက်ကျတဲ့နေ့ဆို ညီမလေးက ဘေးအိမ်က ကြီးကြီးစီသွားနေရတာ"

"ဟုတ်ပါပြီဗျာ ကိုကိုစောစောပြန်လာခဲ့မယ် ဒီနေ့ပိတ်ရက်ဆိုတော့ မူကြိုမသွားနဲ့တော့နော်"

"ဟုတ်ကိုကို"

"လိမ္မာလိုက်တာ ကိုကို့ညီမလေးက"

သူ့ရဲ့သွားသေးသေးလေးတွေပေါ်တဲ့အထိ ရီပြပြီး ဆံပင်စီးထားတဲ့ ဆံနွယ်လေးတွေလှုပ်ရှားသွားတဲ့အထိ ခေါင်းကိုအဆက်မပြတ်ညိမ့်ပြနေသည်။ ကျွန်တို့မောင်နှမနှစ်ယောက်က သိပ်ချစ်
ကြတာ။ ညီမလေးက ကျောင်းတက်ရမယ့်
အရွယ်ရောက်တော့မယ်ဆိုတော့ သူ့ရဲ့ ကျောင်းစရိတ်၊အသုံးစရိတ်၊မုန့်ဖိုးကို ကျွန်တော်ရှာရ
မယ်လေ။

အသက်ကအခုမှ ၁၇ပဲရှိသေးတော့
ဘယ်အလုပ်ကမှ လက်မခံသလို ခေါ်လဲမခေါ်ကြဘူး။ ကံကောင်းလို့ လမ်းမတန်းက လက္ဘရည် ဆိုင်မှာ စားပွဲထိုးခန့်ထားလို့ စားဖို့သောက်ဖို့ ပိုက်ဆံရှာနိုင်တာ။မဟုတ်ရင် မောင်နှမ နှစ်ယောက်လမ်းဘေးရောက်မှာ။

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now