Part-12

397 17 0
                                    


                            အပိုင်း(၁၂)

"ခနနေကိုယ့်သူငယ်ချင်းတွေအိမ်မှာ လာသောက်ကြမှာ ကလေးအပြင်မထွက်နဲ့နော် သူတို့မူးနေပြီး ကလေးကိုတစ်ခုခုလုပ်မိမှာစိုးလို့"

"ဟုတ်ပါပြီ ကျွန်တော်အခန်းထဲမှာပဲနေပါမယ် အကိုတို့သောက်လို့ရအောင်အမြည်းကျွန်တော် လုပ်ပေးမယ်"

အကို့သူငယ်ချင်းတွေက အကို့လိုပဲကြောက်ဖို့
ကောင်းမှာ သေချာတာမလို့ အကိုတို့အတွက်
အမြည်းတွေလုပ်ပြီးတာနဲ့ အခန်းထဲမှာဝင်နေတော့မှာ။

မီးဖိုချောင်ထဲတွင် ဂနာမငြိမ်ဘဲ ဟိုလုပ်ဒီလုပ် လုပ်နေရင်း အကို့သူငယ်ချင်းတွေတောင်
ရောက်လာကြပြီ။ အဆင်သင့်လုပ်ထားသော 
ခေါက်ဆွဲကြော်၊ငါးမုန့်ကြော်နဲ့၊အသီးတွေအား
စားပွဲပေါ်ချပေးလိုက်သည်။ ထို့နောက် အကိုက
ကျွန်တော့်ခါးအားဖက်လိုက်ပြီး..

"ဒါက ငါ့ရဲ့အချစ်ကလေးလေ"

"မင်းကလဲ အလှလေးကိုမှရွေးတတ်လိုက်တာ အားကျတယ်ဗျိူ့"

"သားရီး မင်းက အလှလေးကို ဖွက်ထားတာပဲ မနာလိုလာပြီ"

"ကျွန်တော် အခန်းထဲသွားတော့မယ် ကိုကို"

"ဟုတ်ပါပြီ ကလေးရဲ့"

သူ့သူငယ်ချင်းတွေက ကျွန်တော့်ကို
တဏှာစိတ်နဲ့ပြောနေကြတာကို ကိုကိုက
ကျွန်တော့်ကိုကာကွယ်ပေးပြီးလဲမပြောဘူး။
ရယ်ပဲရယ်နေတယ်။ သူ့သူငယ်ချင်းတွေက စနေကြလို့ထင်ပါတယ်လေ။ ကျွန်တော်လဲ
အခန်းထဲကိုဝင်ပြီးတာနဲ့ တံခါးပါလော့ချထား
လိုက်တယ်။

၇နာရီလောက်ကျတော့ ဗိုက်အရမ်းဆာနေလို့
ဗိုက်ထဲကနေ အသံတွေတောင်ထွက်နေပြီ။
ဒါကြောင့် အခန်းကနေ ထွက်ကာ မီးဖိုချောင်ထဲ ဝင်ပြီး စားဖို့တစ်ခုခုရှာနေချိန်

"ဟာ့ လွှတ်ပါ..လွှတ်"

"မလွှတ်ဘူး ညီ..ညီ့ကို အစ်ကိုလွမ်းနေတာ"

"ကိုကိုတွေ့ရင် ကျွန်တော့်ကို ဆူလိုက်မယ်"

သူ့ရဲ့လက်တွေအား ဖယ်ချပြီးရုန်းကန်နေပေ
မယ့် ပိုပြီးတင်းကျပ်လာသည်။

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now