Part-13

368 16 8
                                    

                            အပိုင်း(၁၃)

"ခိုင်မြဲနိုင်!!!!"

ထွက်ပေါ်လာသောအသံကြောင့် လက်ထဲက ဓာတ်ပုံဘောင်လေးဟာ မြေပြင်ပေါ်သို့

ခွမ်!!

"မင်းဘယ်လိုလုပ်လိုက်တာလဲ ဟျောင့်
အခုကြည့်စမ်း မင်းကြောင့် ဝဿန်ရဲ့
ဓာတ်ပုံဘောင်ကွဲသွားပြီ"

"ကိုကို ကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူး"

"မင်းကတော်တော်စောက်ကျင့်ယုတ်တဲ့
အကောင်ပဲ"

"ဓာတ်ပုံလေးကွဲသွားတာကို အဲ့လိုဖြစ်မနေပါနဲ့ ဒီအခန်းမှာ သူမရှိတော့ဘူး သူကသေပြီလေ
ကိုကို သူ့ကိုမေ့လိုက်ပါတော့"
ဆိုကာ အနားမှာရှိသမျှအရာတွေက်ို
ပစ်ခွဲလိုက်သည်။

ကိုကိုက ကျွန်တော့်လည်ပင်းကို လက်နဲ့ ကိုင်ပြီး
ကွဲကြေသွားသော ဓာတ်ပုံပေါ်သို့ မျက်နှာအားဖိထားသည်။ ကွဲနေသော ဖန်စများအပေါ် ထိမိ၍
ပါးပြင်ပေါ်ကနေ သွေးများစီးလာသည်။ နာလွန်း၍ ရုန်းကန်လေလေ အကိုက ပိုဖိထားလေပဲ။

"မင်းမှာစည်းကမ်းမရှိဘူးလား ဘာလို့
ကိုယ်နဲ့မဆိုင်တာကို လိုက်ထိနေရတာလဲ မင်းက်ိုအလျော့ပေးထားတော့ မင်းကငါ့ကိုမကြောက်
တော့ဘူးပေါ့ ဟက်လား"

ကိုကိုက ဒါလေးကြောင့် ကျွန်တော့်က်ို နင်နဲ့ ငါတွေနဲ့ပြောပြီး အခုလိုတွေတောင်လုပ်နေတာပဲ။

"ကိုကိုလွှတ်ပါ"

ကျွန်တော့်ရဲ့ခြေထောက်ကနေ တစ်ရွတ်တိုက် ဆွဲခေါ်ပြီးအောက်ထပ် မြေအောက်ခန်းထဲသို့
ဦးတည်နေသည်။ လှေကားထစ်တွေက်ိုတောင် ဂရုမစိုက်၊ လှေကားစောင်းတွေနဲ့ ခေါင်းကိုထိမိတာပေါ့။နာကျင်နေ၍ ခေါင်းတစ်လုံးပူထူနေပြီ။

ထို့နောက် ပထမဆုံး ကိုကို့နဲ့စတွေ့ခဲ့တဲ့
မြေအောက်ခန်းထဲမှာ ကျွန်တော့်ကိုပစ်ထားပြီး
ကိိုက်ိုဟာထွက်သွားလေသည်။

"ကိုကို..ဒုန်း!ဒုန်း!"

တံခါးကိုထုပြီး ကိုကိုလို့ အော်ခေါ်နေပေမယ့်
ဘာမှတိုးတက်မှူမရှိ။ ကိုကိုမလို့လုပ်ရက်တယ်
ကျွန်တော့်အပေါ်က်ို။ အခန်းထောင့်က မှန်ကွဲစလေးမှာ ပေါ်နေသော ကျွန်တော့်၏မျက်နှာ
သည် သွေးများထွက်နေ၍
အကျည်းတန်လွန်းနေသည်။
ထိုမှန်စအား ထပ်ပြီးရိုက်ခွဲလိုက်
သည်။ခေါင်းကလဲနာကျင်နေပြီး အခန်းရဲ့
မီးရောင်ကလဲ မှိန်နေ။ အေးစက်ပြီးတိတ်ဆိတ်နေတဲ့ အခန်းကနေထွက်သွားချင်တယ် အကို။

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now