Part-5

702 22 1
                                    


                         အပိုင်း(၅)

"ခွပ်!ခွပ်! မင်းကြောင့်ဝဿန်သေရတာ"

"မင်းသာ ဝဿန့်ကို ငါ့လက်ထဲ
သာသာကြည်ကြည်ပေးခဲ့ရင်အခုလိုမဖြစ်ဘူး"

ညီကိုနှစ်ယောက်ဟာ မိန်းကလေးတစ်ယောက်
ကြောင့် စည်းလူံးမှုပြိုကွဲပြီးရန်သူအဖြစ်ရောက်
နေကြသည်။ဝဿန့်ရဲ့သေဆုံးမှုကို
တစ်ယောက်ပေါ်တစ်ယောက်လွဲချပြီး ကိုယ့်အပြစ်ကိုယ် ဝန်မခံကြဘူး။

အရင်ကအကြောင်းတွေတွေးရင်း
စိုင်းထက်အာကာရဲ့ မျက်ရည်စက်ဟာ
ခိုင်မြဲနိုင်ရဲ့ လက်ဖမိုးပေါ်သို့ ကျသွားသည်။ အလျင်အမြန်ပဲ မျက်ရည်စက်တွေကိုသုတ်
လိုက်ပြီး အခန်းထဲကထွက်သွားလိုက်သည်။

အခြားတစ်ဖက်၌...

စားပွဲခုံပေါ်မှာ ဓာတ်ပုံတွေပြန့်ကျဲကာ နေသည်။

"ကောင်လေးက ဝဿန်နှင့်တူသားပဲ ငါ့ညီရဲ့ အားနည်းချက်က ထပ်ပေါ်လာပြန်ပြီ ငါ့ညီရယ် ပထမအကြိမ် ဝဿန်စီမှာ ပြိုလဲသလို ဒုတိယအကြိမ် ဒီကောင်လေးစီမှာထပ်ပြိုလဲမှာပဲ"

ဓာတ်ပုံထဲက ကောင်လေးကိုကြည့်ကာ
လင်းလက်ခန့်ခိုင်တစ်ယောက် ရီနေမိသည်။

သူတို့ညီကိုနှစ်ယောက်ရဲ့ မာနတွေက အခုထိ မကုန်နိုင်သေးဘူးထင်ပါရဲ့။
                            ...

"မင်းနိုးလာပြီလား"

"ဟုတ် ညက ဘယ်လိုပြန်ရောက်လာမှန်းမသိဘူး"

အိပ်ချင်မူးတူးနဲ့ ခေါင်းကိုကုတ်ကာ ပြန်ဖြေနေသော ခိုင်မြဲနိုင်ရဲ့နှုတ်ခမ်းသားလေးအား ရုတ်တရက် နမ်းလိုက်သည်။

"မကောင်းတဲ့ကောင် ခင်ဗျား..ခင်ဗျား"

သူ့နှုတ်ခမ်းကို လက်နှင့်ပိတ်ကာ မျက်စောင်းထိုးနေတဲ့ ခိုင်မြဲနိုင်ရဲ့ အမူအရာလေးက
ချစ်စရာကောင်းလွန်းတယ်။

"အဝတ်အစားလဲလိုက်အုန်း မင်းညီမလေးစီ
လိုက်ပို့မယ်"

"ခင်ဗျား တကယ်ပြောနေတာလား ခနနော်
ကျွန်တော်မြန်မြန်အဝတ်အစားလဲပြီး
ဆင်းခဲ့မယ်"

ပြောရင်း လှေကားပေါ် မြန်မြန်တက်ပြေးသွားလေသည်။

"ဟျောင့်! မင်းသွားချင်ရင် ငါ့ကိုဒီနေ့က စပြီး အစ်ကိုလို့ခေါ်ရမယ်"

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now