Part-18(ဇာတ်သိမ်း)

247 11 0
                                    

တွေ့ဆုံခြင်းအခိုက်အတန့်
ဇာတ်သိမ်းပိုင်း

"သခင်လေး သားလေးသတိရလာရင်
ဘယ်လိုလုပ်ရမလဲ သားလေးကအခုတစ်လော
ခေါင်းတွေအရမ်းကိုက်ပြီး အတိတ်ကအကြောင်းတွေပဲပြောနေတာ"

ရှိုင်းထက်အာကာ ခနတော့ တွေဝေသွားခဲ့တယ်။သတိပြန်ရလာရင် ခိုင်မြဲနိုင်က သူ့ကိုမုန်းမှာ
ကြောက်နေမိခဲ့တာ။သူ့စိတ်ထဲမှာ အပူပန်ရဆုံးအရာက ဖြစ်လာတော့
မယ်ထင်တယ်။

"ကလေးငယ်ကို သေချာဂရုစိုက်ပေးပါ
အလုပ်တွေဘာတွေမလုပ်ခိုင်းနဲ့ ကလေးငယ်
စိတ်ချမ်းသာအောင်ထားပေး ကျုပ်
ပိုက်ဆံပိုပေးမယ် တစ်ခုခုဆို ဖုန်းဆက်
ကလေးငယ်ကိုအရင်ကလို ထပ်အဖြစ်မခံနိုင်ဘူး"

"သခင်လေး အနောက်မှာ..."
လက်ညိုးထိုးပြရာကို ကြည့်လိုက်တော့
ကျုပ်နောက်မှာ
မတ်တပ်ရပ်နေတဲ့ကလေးငယ်ကိုတွေ့လိုက်ရတယ်။ ကျုပ်လဲ အတော်လေးလန့်သွားပြီး
ရှင်းပြဖို့လုပ်တော့

"ကလေးငယ်..ကိုယ်...."

"ကျွန်တော်ကတော့ ခင်ဗျားကြီးပျောက်လို့
လိုက်ရှာနေရတာ ခင်ဗျားကတော့
အောက်ထပ်ရောက်နေပြီး အမေနဲ့အတူ
မုန့်လာစားနေတယ်" ဆိုကာ စားပွဲပေါ်ကို
မေးငေါ့ပြရင်း ကျုပ်ဆီကိုလာနေတယ်။ ကျုပ်လဲ စားပွဲပေါ်က မုန့်ထုပ်တွေကိုကြည့်ရင်း။

"မဟုတ်ရပါဘူးဗျာ ရေဆာလို့ ရေလာသောက်တာ ညီ့ရဲ့ မေမေနှင့်တွေ့လို့ စကားပြောနေတာ"

"အမေနော် သားကိုကျမကျွေးဘဲ သားသူငယ်ချင်းကိုကျကျွေးတယ်"

"အယ် မဟုတ်..မဟုတ်ပါဘူး သားရယ်"

"မေမေကဘာလို့စကားတွေထစ် သားမသိ
အောင်ဘာတွေခိုးလုပ်ထားလဲ"

နှုတ်ခမ်းတွန့်ပြီး
ပြုံးလိုက်သော
ကလေးငယ်ရဲ့မျက်နှာကို ကြည့်လိုက်မိတော့ တစ်ခုခုမှားနေမှန်းသိနေခဲ့ပြီ။ ကလေးငယ်က စားပွဲပေါ်က မုန့်တစ်ခုကို ဖောက်စားရင်း အိမ်ပေါ်ထပ်ကို တက်သွားခဲ့တယ်။ကျုပ်လဲ
စကားအမြန်​ပြောပြီး ကလေးငယ်နောက်ကို
လိုက်လာခဲ့လိုက်သည်။
အခန်းတံခါးကိုဖွင့်လိုက်တော့ ကလေးငယ်ခုနက စားနေတဲ့မုန့်ထုပ်ကို
အမှိုက်ပုံးထဲမှာတွေ့လိုက်ရတယ်။

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now