Part-15

388 15 0
                                    

                            အပိုင်း(၁၅)

'မင်းရဲ့မျက်ဝန်းထဲမှာ မျက်ရည်စများနဲ့
မျက်ရည်စများနဲ့ အချစ်ရယ် ကိုယ့်ဘေးနားမှာ ခဏလေး ရှိချိန် မငိုပါနဲ့'

ဖုန်းထဲကနေ ထွက်လာသော သီချင်းသံကြောင့်
ခိုင်မြဲနိုင်ရဲ့မျက်ရည်တွေဟာတစ်စပြီးတစ်စ
ပါးပြင်ပေါ်မှာ ရွဲနေ...

"ဘာလို့ငိုနေရတာလဲညီ အကို့စီမှာနေရတာ စိတ်မသက်သာလို့လား"

"မဟုတ်ပါဘူးစိတ်သက်သာပါတယ်
ဒီသီချင်းလေးက ကိုကို့ရဲ့ ဖုန်းသံလေးလေ သတိရမိသွားလို့ပါ"

"ဒီမှာညီ! အကိုက ညီ့ကိုချစ်နေတာ
ညီနည်းနည်းပဲဖြစ်ဖြစ် အကို့ဘက်ကိုကြည့်ပေးသေးတယ် ညီနဲ့ပတ်သက်ပြီးအကိုချစ်ပေးနေတာတောင် ညီက အဲ့ကောင်က်ိုအခုထိမေ့မရသေးဘူးလား!!!"

ကျုပ်ရဲ့ခံစားချက်တွေက ထိန်းမရအောင်
ပေါက်ကွဲချင်လာပြီး သတိမထားမိသည့်
တိုင်အောင်ညီကို အော်မိလိုက်သည်။ မရီရွယ်ခဲ့ပါဘူး။

"ကျွန်တော့်ကိုမအော်နဲ့!!"

"ညီ..အကိုတောင်းပန်ပါတယ်နော်"

တိုး ရှသော အသံနဲ့ ညီအားတောင်းပန်လိုက်ပြီး ထိုနေရာကနေ ထွက်သွားလိုက်သည်။
ဟူး... ဒီလိုအခြေအနေမျိုးကို စိတ်ကုန်လာပြီ။
ချစ်နေတာသိလျက်နဲ့ ဒီလိုမျိုး ခံစားနေရတာတွေကို မုန်းလာပြီ။

"ဟယ်လို..အင်းဟိုကလေးမလေးကို
ရှင်းလိုက်တော့ ညင်ညင်သာသာလေး
အသက်ထွက်သွားအောင်လုပ်ပေးလိုက်"

ကိုယ့်ဘက်ပါလာအောင်လုပ်ပေးမယ့် မင်းက
ကိုယ့်ကိုမှ အရေးမလုပ်တာ အရေးလုပ်အောင်
ကိုယ့်ဘက်ကပြန်လုပ်ရမှာပေါ့။စိတ်တော့မကောင်းပါဘူး မင်းရဲ့ညီမလေးအတွက်။
မင်းသာငါ့စိတ်ကိုနားလည်ပေးခဲ့ရင်ဒီလိုဖြစ်မလာဘူး။

ဆေးလိပ်ဖွာရင်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေမိတယ်။ ခံစားချက်တွေကင်းမဲ့စွာ။ တစ်ဖက်သတ်ချစ်မိရလွန်းလို့
ခံစားချက်တွေကင်းမဲ့ကုန်ပြီ။ဆေးလိပ်တွေကို
ဖွာရှိုက် ရင်း တစ်လိပ်ပြီးတစ်လိပ် ကုန်သွားတဲ့
ဆေးလိပ်အရေအတွက်ကိုကြည့်ကာရယ်နေမိတယ်။

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now