Part-16

310 11 0
                                    



အပိုင်း(၁၆)

"မဟုတ်ဘူး ကိုကို မသေရဘူး "

"သား! သားလေး..."

အမျိုးသမီးကြီးတစ်ယောက်ရဲ့ ခေါ်သံကိုကြားနေရပြီး အိပ်ယာကနေ နိုးလာခဲ့တယ်။

"ဟော.. ဇောချွေးတွေလဲပြန်နေပါလား
သားအိမ်မက်ဆိုးမက်နေတာလား"

ထိုအမျိုးသမီးကြီးက ကျွန်တော့်ကိုမေးနေပေ
မယ့် ကျွန်တော်ကတော့ သူဘယ်သူမှန်းမသိပါ။
သူ့ကိုသိလဲမသိဘူး။

ကျွန်တော်က အခန်းတစ်ခုရဲ့ကုတင်ပေါ်မှာ
ရောက်နေခြင်းဖြစ်သည်။အမျိုးသမီးကြီးကတော့ စိတ်ပူနေတဲ့ အမူအရာနှင့် 'သား'လို့ ခေါ်ကာ ပြုစုနေပေးနေပေမယ့် ကျွန်တော်ကတော့
ဘယ်သူမှန်းစဉ်းစားမရနေဘူး။

"အန်တီ...ညီမလေးရောဟင်"

"ဘယ်ကညီမလေးလဲ သားရဲ့"

"ကျွန်တော့်ညီမလေးလေ"

"အမလေး ငါ့သားကတော့ နေမကောင်းဖြစ်ပြီး သတိလစ်နေတာနဲ့ အတိတ်ပါမေ့သွားတာလား သားက မေမေတို့ရဲ့ တစ်ဦးတည်းသော သားလေးလေ ဘယ်မှာညီမလေးရှိလို့လဲ "

ဟင်..ဘာလဲ ကျွန်တော် က တစ်ဦးတည်းသော သား။အဲ့တာဆို အဲ့အဖြစ်အပျက်တွေအကုန်လုံးက အိမ်မက်တွေလား။မဖြစ်နိုင်ဘူး တကယ့်အစစ်တွေလိုမျိုးက အိမ်မက်တွေတဲ့။အဲ့တာဆို
ကိုကိုရှိုင်းထက်အာကာရော၊ညီမလေးရော၊
အကိုလင်းလက်ခန့်ခိုင်၊ဝဿန်ဆိုတာကလဲ
အိမ်မက်ထဲမှာရှိတာလား။သူတို့တွေက
တစ်ကယ်မဟုတ်ဘူးလား။

ဒီအိမ်ကြီးထဲမှာနေနေရတာ ၁လလောက်ရှိပြီ။ အမေဆိုသူကလဲ အပြင်မထွက်ခိုင်း။
ခြံထဲဆင်းရင်တောင်အနားမှာအစောင့်အရှောက်နဲ့။အဲ့တာက ကျွန်တော့်ကိုနေရခက်စေတယ်။

အခုထိ အမေလို့ခေါ်ဖို့ ကျွန်တော့်အတွက်စိမ်းနေ
တယ်။အမေပြောသလိုပဲ အတိတ်ပဲမေ့သွားတာလား။ နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံထဲက
သူကလဲကျွန်တော်ပဲ။ဓာတ်ပုံတွေမှာ
ကျွန်တော်ရှိတယ် ဒါပေမယ့် မမှတ်မိဘူး။
ရူးချင်တာပဲသိတော့တယ်။

အိမ်ထဲမှာရှိခဲ့တဲ့နေ့ရက်တွေမှာ အိမ်ထဲမှာရှိသမျှ အရာတစ်ခုချင်းစီကို ကြည့်ပြီး
မှတ်မိလာအောင်လုပ်တယ်။ဒါပေမယ့်
မှတ်မိနေတာဆိုလို့
'ကိုကို နှင့် ညီမလေး'ပဲ။အိမ်မက် မက်တာက ခနလေး မှတ်မိနေတာက အခုထိတိုင်အောင်။

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now