DD-1

2.6K 166 19
                                    

Uni

" ဝမ်ရိပေါ်! "

" တင်ပါ့ဘုရား တပည့်တော်ကိုခေါ်တာလား "

" ဘေးမဲ့ပေးထားတဲ့ကြက်အုပ်ထဲက နှစ်ကောင်ပျောက်နေတယ် ဘယ်မလဲ "

" ဒယ်အိုးထဲမှာပါဘုရား "

" ဘာ! "

" ဘုန်းဘုန်းဘုရား တကယ်တော့ သူတို့ကအရှင်လတ်လတ်ငရဲကြရတယ်ဆိုတာ မကောင်းတာလုပ်လို့ပါဘုရား အဲ့တာကြောင့်ပါရမီဖြည့်တဲ့အနေနဲ့ အမွှေးနှုတ်‌ပီး မီးဖုတ်ကင်လိုက်ပါတယ်ဘုရား "

ဝမ်ရိပေါ်အားကြည့်ကာ ဟောက်ရွှမ်းမှာတော့ အူတက်နေသည်မှာအသံပင်မထွက်တော့ပေ။ပါးနှစ်ဖက်မှ ပါးကွက်ဝိုင်းနှစ်ခုနှင့်အတူ ကြက်တောင်စည်းကာ ပုဆိုးအား စလွယ်သိုင်းပုံစံလွယ်ထားသေးသည်မို့ ချစ်ဖို့ကောင်းနေသော်လည်း ထိုကလေးဟာတကယ်ကို မလိမ်တတ်မညာတတ်ကလေးလေးပေဖြစ်သည်။သို့သော် ထိန်းမနိုင်သိမ်းမရမျောက်လောင်းလေးပါဖြစ်သည်မို့ ဆရာတော်ဘုရားအတော်ကို ထိန်းရလေသည်။အခုလည်း ဘေးမဲ့လွှတ်ထားသည့်ကြက်တွေအားမီးကင်စားသည်မို့ ဆရာတော်ဘုရားအတော်ပင်ဒေါသမီးများလောင်မြိုက်နေလေပြီ။ကိလေသာအားစိတ်ကုန်၍ ဘုန်းကြီးဝတ်သော်လည်း အမောင်ဝမ်ရိပေါ်ကြောင့်တစ်ရက်မျှပင် ဒေါသမထွက်ရသည်မရှိခဲ့ပေ။

" ဘယ့်နှယ့်ဖြစ်လို့ ကြက်က ငရဲကြ​ဖို့ကံပါရတာတုန်း "

" အော်အဲ့တာကဒီလိုပါဘုရား အရင်တစ်ခေါက် တပည့်တော် စိုက်ထားတဲ့ စပါးခင်းထဲကို အဲ့နှစ်ကောင်ရောက်လာပါတယ်ဘုရား စပါးတွေလည်းခိုးစားသွားပါတယ် သူတို့ ငါးပါးသီလထဲက ဒုတိယမြောက်အပါးကိုချိုးဖောက်လို့ပါဘုရား "

" တိတ်! "

" တင်ပါ့ "

" ဟိုဘက်လှည့်ပြီးတိုင်ကိုဖက် "

" တင်ပါ့ဘုရား "

ရိပေါ်တစ်ယောက်တိုင်အားဖတ်ကာ တင်လေးအားကော့ပေးလိုက်သည်။ဆရာတော်ဘုရားရိုက်သည်မှာ နူးညံ့မှုရှိမနေသောကြောင့် ဖြန်းဟူသည့်အသံထွက်လာရသည်။သို့သော်ဖြန်းဟူသည့်အသံသည်ရိုက်သံနှင့်မတူပဲ ဒယ်တစ်ခုခုအားရိုက်သည့်အသံနှင့်တူနေလေသည်။

Dear Doctor { Complete✓ }Where stories live. Discover now