DD.4

1.1K 123 21
                                    

Uni

" ဝမ်ရိပေါ် သက်သာသွားပြီလား "

" အင်း ဆရာဝန်လေးကြောင့် ရောဂါအကုန်ပျောက်ပြီ "

" ဟမ် "

" ဆရာဝန်လေးသာ ကျုပ်နားရှိရင် ကျုပ်ဘာမဆိုရင်ဆိုင်နိုင် အာ့ "

ရိပေါ်အခု ဆရာဝန်လေးတို့ ဆေးခန်းရှေ့လာကာ စကားပြောနေခြင်းဖြစ်သော်လည်း သူ့ထက်ရှည်နေသည့် ဆရာဝန်လေးကြောင့် တုံးပေါ်တက်ကာပြောနေလေသည်မို့ တုံးကလျှော်ကာ ပြုတ်အကျ ရှောင်းကျန့် ဖမ်းလိုက်သည်မို့ ရှောင်းကျန့်သည် ရိပေါ်အားပွေ့လျက်သားလေးဖြစ်နေသည်။

" ရိပေါ်ရေ!!! "

မတ်တပ်ရပ်လျက်ကျသည်မို့ ရှောင်းကျန့်ဟာဖမ်းပွေ့လိုက်ချိန် ခါးအားပွေ့ထားသည့်ရှောင်းကျန့်ကြောင့် ရိပေါ်ခြေထောက်နှင့် မြေကြီးဟာ ထိမနေပေ။သို့သော် သူသိပ်ချစ်ရသည့် ဆရာဝန်လေး၏မျက်နှာနှင့်အလွန်နီးကပ်နေလေသည်။ထိုအချိန် အလွန်နီးကပ်သည့်အထိအတွေ့‌ကြောင့် ရိပေါ်ရှောင်းကျန့်အားနမ်းရန်ပြင်လိုက်သည်နှင့် ဟောက်ရွှမ်း၏အော်သံကြီးကြောင့် ရှောင်းကျန့်လန့်ကာ ရိပေါ်အားလွှတ်လိုက်မိသည်။

" အာ ရိပေါ် တောင်းပန်ပါတယ် "

" ရပါတယ် ဆရာဝန်လေးအမှားမဟုတ်ဘူး အဲ့နွားမှားတာ "

" ငါကဆရာတော်ဘုရားခေါ်ခိုင်းလို့ လာခေါ်တာပါကွ မင်းကလည်း မင်းတို့ ဟိုဒင်းလုပ်နေမှန်းမှမသိတာ "

" ဘာလဲ *ကိုဟိုဒင်း ကန်တော့ကန်တော့ ဆရာဝန်လေး "

" ရပါတယ် ဆေးခန်းထဲသွားလိုက်ပါအုံးမယ် "

" ဆရာဝန်လေး ကျုပ်ညနေလာကြိုမယ်နော် သွားမယ်လာ ငုံးမသား "

ရိပေါ်ရှောင်းကျန့်အားလှမ်းအော်ကာ ဟောက်ရွှမ်းကျောအားရိုက်ချလိုက်ပြီး ရှေ့မှထွက်သွားလေသည်။

" ရိပေါ် ရွာထဲက ဟိုကောင် လုရှင်းက ဆရာတော့်ကိုတိုင်လိုက်တာမင်းဆရာဝန်လေးကြိုက်တာကို ဆရာတော်ဘုရားသိသွားပြီကွ "

" ဘာကွ! တောက်စ် သိသွားပြီဆိုတော့လည်းဝန်ခံယုံပေါ့ကွာ ဆရာဝန်လေးအတွက်ဆို ကြိမ်လုံးစာလည်း မမှုပါဘူး အသက်တော့မပေးချင်ဘူး ဆရာဝန်လေးကို အေးဆေးပိုးချင်‌သေးတယ် "

Dear Doctor { Complete✓ }Where stories live. Discover now