DD.9

1.3K 105 12
                                    

Uni

" ရှောင်း "

" အင်း ကိုယ်ရှိတယ် ဝမ်ငယ် "

" ညကပြန်မအိပ်ဘူးလား "

" ကိုယ်မအိပ်ချင်လို့ ဝမ်ငယ်အိပ်တာက တကယ်အရမ်းချစ်ဖို့ကောင်းနေတော့ အိပ်ဖို့ထက် ဝမ်ငယ့်ကိုထိုင်ကြည့်ဖို့တွေးလိုက်တာ "

" ဟာ ရှောင်းကလည်း "

" ကိုယ်တို့ ဒီနေ့ပြန်ရမှာနော် ဝမ်ငယ် "

" ရှောင်း ကျွန်တော်ဘုန်းဘုန်းနဲ့ ဟောက်ရွှမ်းကိုနှုတ်ဆက်ချင်သေးတယ် "

" ကိုယ်လိုက်ခဲ့မယ် "

" ဟင့်အင်း ရှောင်းကဒီကစောင့် နော် ရှောင်း "

" အင်း ဝမ်ငယ့်သဘော ကိုယ် ဝမ်ငယ့်အတွက် အဝတ်အစားတွေထည့်ထားမယ် အရမ်းမပြေးနဲ့ လျှော်လဲရင် ထိန်းဖို့ ကိုယ်မပါတာကိုသတိထား "

" ဟုတ် ခနပဲရှောင်းရေ "

ရိပေါ်သည် ထိုသို့အော်ရင်း ပြေးလေသည်။ရှောင်းကျန့်သည် ရိပေါ်အားအသည်းတယားယားဖြင့် တစ်ညလုံးတကယ်ပဲထိုင်ကြည့်နေခဲ့ခြင်းဖြစ်သည်။ရိပေါ်အားပွေ့လျက်အိပ်ဆောင်သို့လာခဲ့ပြီး ရိပေါ်အိပ်စဉ်ကတည်းက ဘေးတွင် ယပ်ခပ်ပေးကာ မေးထောက်၍ ရိပေါ်အားကြည့်နေခဲ့သည်မှာတစ်ညလုံးပင်။

ဆရာဝန်လေး၏အချစ်က သိပ်ကိုထူးဆန်းနေသည်~~~

##########

" ဟောက်ရွှမ်း "

" ရိပေါ် မင်းဘာပြောမို့တုန်း "

" ငါ ရှောင်းနဲ့မြို့ပေါ်လိုက်သွားတော့မယ် "

" အေးပါ ဖေ့သားရ မင်းမြို့ပေါ်လိုက်သွားမယ်ဆိုတော့ ငါလည်းငရဲကြီးစရာမလိုတော့ဘူးပေါ့ ဝမ်းသားပါတယ် ဟဲ ဟဲ "

" ငိုးမနွား ငါဝမ်းနည်းနေတာကို "

" ဟိုရောက်ရင် အစားခံရမှာကိုတွေးပူပြီး ဝမ်းနည်းနေတာလား "

" ဘော ပရမ်းပတာတေပြောနေတယ် ငါမင်းနဲ့ခွဲရမှာမို့ ဝမ်းနည်းတာ "

ရိပေါ်သည် ပြောနေလျက်ပင် ခေါင်းငိုက်စိုက်လေးဖြစ်သွားသည်။ဟောက်ရွှမ်းတစ်ယောက်လည်း တကယ်တမ်း ရိပေါ်နှင့်ခွဲရမည်ကို မလိုလားပါ။သို့သော်လည်း သက်ဆိုင်သူရှိလာလျှင် ခွဲရမြဲပင်။

Dear Doctor { Complete✓ }Where stories live. Discover now