DD.5

1.2K 120 23
                                    

Uni

" ရိပေါ် ငါ့ကောင်ကြီး နေကောင်း‌ပြီဆို ထန်းရည်သွားသောက်ရအောင် "

" ငါမလိုက်တော့ဘူး ဟောက်ရွှမ်း "

" ငါညကလူသေကောင်လိုအိပ်ပျော်လို့ မင်းစိတ်ဆိုးနေတာလား ဘာပဲဖြစ်ဖြစ် ငါနဲ့ဆရာတော်ဘုရားကြောင့် မင်းနေကောင်းပျောက်တာလေ "

" ငါမလိုချင်လို့ပါကွာ မင်းဘာသာပဲသောက်လိုက် "

ဟောက်ရွှမ်း ရိပေါ်အား ထန်းရည်ဆိုင်သို့ မပါပါအောင်ခေါ်ရန် စဉ်းစားထားပြီးသားပင်။ရိပေါ်ညက အဖျားအရမ်းကြီးခဲ့သော်လည်း မနက်ရောက်တော့ ပျောက်သွားသည်မို့ ပျော်ခဲ့ရသည်။ငယ်စဉ်ကတည်းက ခင်မင်လာသည့် သံယောဇဉ်ကြောင့် ရိပေါ်၏အခုပုံစံအား တကယ်ကိုသဘောမကျပေ။

" ရိပေါ် မင်းမလိုက်ရင် ငါမသွားတော့ဘူး "

" သဘော "

" ဟူး ထန်းရည်လေးရေ အမျှ အမျှ အမျှ "

" ..... "

" ငါထန်းရည်သောက်ချင်လိုက်တာ "

" .... "

" ဖဲဝိုင်းလေးနဲ့ကြက်ဝိုင်းလေးလည်းမျှော်နေလောက်ပြီ ထန်းရည်အိုးလေးတေ ငါ့များလွမ်းနေမလား "

ရိပေါ် အိပ်ယာအားဗုန်းကနဲ ထုကာ ထထိုင်လိုက်ပြီး ဖိနပ်အား လေးပင်စွာစီးကာ ထရပ်လိုက်သည်။

" လာ သွားသောက်မယ် "

" အဲ့လိုလုပ်စမ်းပါကွ ငါတကယ်ထန်းရည်အိုးမဲမဲလေးကိုလွမ်းနေတာ "

ရိပေါ်ခေါင်းရမ်းကာရှေ့မှထွက်သွားလေသည်။ဟောက်ရွှမ်းသည် တစ်လမ်းလုံးမရပ်မနားစကားပြောလာသော်လည်း ရိပေါ်ကတော့ စကားတစ်ခွန်းပင်ပြန်မပြောခဲ့ပေ။

သူတို့လမ်းတွင် ဆရာဝန်လေးနှင့်ဆုံမည်သာသိခဲ့လျှင် ရိပေါ်မလာခဲ့ပါ။လမ်းလည်တည့်တည့်တွင် နမ်းနေကြသည့် လူနှစ်ယောက် ၊တစ်ယောက်က သူမမေ့နိုင်သည့် ဆရာဝန်လေး နောက်တစ်ယောက်ကတော့ မနေ့ကကောင်မလေး....

" ရိပေါ် "

ရှောင်းကျန့်သည် ရိပေါ်အားမြင်သွားသည်ထင် သူတို့ဘက်လှည့်ကာကြည့်လာသည်။အစက ရှောင်းကျန့်သည် ရှေ့သို့မျက်နှာမူထားပြီး ကောင်မလေးမှာ ခေါင်းစောင်းချက် အဝေးမှမြင်နေရသည်က နမ်းနေကြသည်ဟုထင်ရသည်။

Dear Doctor { Complete✓ }Where stories live. Discover now