DD.10

1.3K 107 12
                                    

Uni

" ဝမ်ငယ်ကိုယ့်ကိုမုန်းနေပြီမလား "

" မဟုတ်ပါဘူး ရှောင်းရယ် "

" မုန်းနေပါပြီ ဝမ်ငယ့်ရဲ့ရှောင်းကမူးယစ်ဆေးစွဲခဲ့ပြီး အရူးတစ်ယောက်လိုကြီးဖြစ်ခဲ့တာလေ "

" ရှောင်း "

" ကိုယ်မရူးပါဘူး တကယ်ပါ တကယ်မရူးဘူး မားက company ကပြန်လာတော့မှာ ကိုယ်မိတ်ဆက်ပေးမယ်နော် ဝမ်ငယ်ကကိုယ့်အပိုင် ကိုယ့်ကိုမမုန်းပါနဲ့ ကိုယ်ဝမ်ငယ့်ကိုလက်ထက်ချင်တာ ကိုယ်မှာထားမယ် ကိုယ့်ကိုမသနားရဘူးနော် ကိုယ်ကသနားဖို့မကောင်းဘူး "

ရိပေါ်မှာ မျက်ရည်များစွာနှင့် ရှောင်းအားကြည့်နေမိသည်။ဒီလောက်အဖြစ်အပျက်တေကိုရင်ဆိုင်ခဲ့ရတာတောင် သူ့ကိုမျက်နှာတစ်ချက်မညှိုးအောင်ဂရုစိုက်ပေးခဲ့ပြီး သူ့အတွက်ဆို အမြဲအနွံတာခံလွန်းသည်။ရှောင်းသည် သူ့ကြောင့်ပဲအမြဲဒေါသထွက်နေရသည်။

" ရှောင်း "

" ငိုနေတာလား မငိုပါနဲ့ ဝမ်ငယ်ကလည်း မငိုရဘူးလေ ဘယ်သူလုပ်တာလဲ ဝမ်ငယ်မျက်ရည်ကျအောင် အော် ကိုယ်လုပ်ခဲ့တာ ကိုယ့်ကြောင့်အမြဲဝမ်ငိုခဲ့ရတာ ကိုယ့်ကြောင့် "

" မဟုတ်ဘူး! ရှောင်းကြောင့်မဟုတ်ဘူးလို့! "

" ငါ ဒီကိုလာတာ အမွေကိစ္စ ပိုင်ဆိုင်မှုအကုန်ငါ့လက်ထဲရောက်ပြီဆိုတာလာပြောတာ မင်းတို့အတွက်သနားလို့အိမ်တစ်လုံးပေးခဲ့မယ် ငါသွားပြီ "

ထိုစကားအားပြောကာ ထွက်သွားသူအား တစ်ယောက်တစ်လေတောင်မကြည့်ခဲ့သလို အမွေအကြောင်းပြောသွားသည်ကိုလည်း စိတ်မဝင်စားပါ။ရိပေါ်ရှောင်းကျန့်အားရင်ခွင်ထဲထည့်လိုက်ပြီး ရှိုက်ငိုနေမိသည်။

" ရှောင်း "

" ကိုယ် ကိုယ်မရူးပါဘူး ဝမ်ငယ်ရယ် "

" အွန်း ရှောင်းကမရူးဘူး ကျွန်တော်က ရှောင်းကိုချစ်လွန်းလို့ရူးတော့မှာ "

" ဝမ်ငယ်မရူးရဘူး ဆေးရုံကမကောင်းဘူး ကိုယ့်တုန်းက သေနတ်နဲ့ကောင်တေဝင်လာလို့ ဝမ်ငယ်တို့ရွာကို ရောက်လာရတာ ဒါပေမဲ့ ကိုယ်တကယ် လူကောင်းပါ သူတို့ကိုတော့ကျေးဇူးတင်တယ် ကိုယ့်ဝမ်ငယ်နဲ့တွေ့ခွင့်ရအောင် သေနတ်နဲ့လိုက်ပစ်ခဲ့ပေးကြလို့လေ "

Dear Doctor { Complete✓ }Where stories live. Discover now