DD.6

1.2K 120 29
                                    

Uni

" ရိပေါ် စောင်ကြီးနဲ့လုံးပြီတောင် အိပ်နေတယ် ဝမ်ရိပေါ်ရေ မင်းကိုဆရာတော်ခေါ်တယ်လို့ "

" အင်း အင်း ထပြီ "

ရိပေါ်သည် ထပြီး မျက်နှာသစ် သွားတိုက်လုပ်ကာ ဆရာတော်ဘုရားထံသွားရလေတော့သည်။

" ဆရာတော်ဘုရား တပည့်တော်ကို ခေါ်တယ်ဆိုလို့ပါ "

ရိပေါ်သည် ဘေးရှိ ရှောင်းကျန့်အား မမြင်သည့်ပုံစံနှင့် ဆရာတော်ဘု‌ရားရှေ့နားသို့သွားထိုင်လေသည်။ရှောင်းကျန့်နှင့် ဝေးဝေးမှာရွေးထိုင်လေသည်။

" အေးကွဲ့ ဒီကဆရာဝန်လေးကို ဟိုဘက်ရွာကိုလိုက်ပို့ပေးလိုက်ပါ ရိပေါ် "

" အဲ့တာဆိုရင်တော့ တပည့်တော်ပဲလိုက်ပို့လိုက်ပါ့မယ် "

ဟောက်ရွှမ်းမှထိုစကားအား ဝင်ပြောလေသည်။

" မရပါဘူး ဆရာတော်ကခင်ဗျားကိုခိုင်းစရာရှိတယ်လို့ပြောတယ် "

ရှောင်းကျန့်သည် ဝင်ကာပြောလေသည်မို့ ဟောက်ရွှမ်းမျက်မှောင်ကြုံ့ကာ ရှောင်းကျန့်အားကြည့်လိုက်မိသည်။

ရိပေါ်တစ်ယောက် ထိုအခြေအနေအားဝင်မထိန်းလျှင် ဟောက်ရွှမ်းသည် ရှောင်းကျန့်အား ထထိုးတော့မည်ကို သိနေသည်မို့ သူအခြေအနေအားဝင်ထိန်းရတော့သည်။

" ငါပဲသွားလိုက်မယ် ရတယ် ဟောက်ရွှမ်း "

" ရိပေါ် မင်းအဆင်ပြေမှာ သေချာလား "

" ငါ့ကိုယုံ "

ရိပေါ်သည် ဟောက်ရွှမ်းလက်သီးဆုပ်ထားသည်ကို သိသည်မို့ ဟောက်ရွှမ်း၏လက်သီးပေါ်သို့လက်တင်လိုက်ပြီး အသာအယာပုတ်လိုက်သည်။ဟောက်ရွှမ်းသည် ထိုအချိန်မှ ဆုပ်ထားသည့် လက်သီးအား ဖြေလေသည်။

" ဆရာဝန်လေး နောက်ကလိုက်ခဲ့ပါ "

ရှောင်းကျန့်ပျော်သွားမိသည်။သူ့အား ရိပေါ်စကားမပြောသည်မှာ ရက်သတ်တစ်ပတ်လောက်ပင်ကြာနေလေပြီ။ဆရာဝန်လေးဟု ရိပေါ်နှုတ်မှခေါ်လိုက်ချိန် သူတကယ်ကိုပျော်သွားခြင်းဖြစ်သည်။

##########

" ရိပေါ် "

" ..... "

" ပျော်ပျော်နေပေးမလား "

Dear Doctor { Complete✓ }Where stories live. Discover now