DD-3

1.1K 134 15
                                    

Uni

" ဟောက်ရွှမ်း "

" ဟေ "

" ငါမနေ့ကဆရာဝန်လေးကိုဖွင့်ပြောလိုက်တယ် "

" ဟိုကငြင်းလိုက်တယ်မလား အဟစ်အဟစ် "

" ငနွား မြင်းဟီးသံနဲ့မလှောင်နဲ့ "

" အဟစ် အဟစ် "

" သူကယောက်ျားစစ်စစ်တဲ့ကွာ "

" မင်းကမစစ်ဘူးလို့ပြောလိုက်လေကွာ "

" မင်းသူငယ်ချင်းပါကွ ငါပြောခဲ့တာပေါ့ကွာ မရရအောင်လိုက်မှာ "

" ဒါပဲလေ ငါ့သွေးအပြည့်ပါတယ် "

" ဆုတောင်းလေ "

" တောင်းတယ် ဆုတောင်းတိုင်းသာပြည့်ရမယ်ဆိုရင် ရှင်းချန်လေးရဲ့ကိုယ်လုံးတီးပုံလေးမြင်ရပါလို၏ ဘုရား "

" ဒီ "

ရိပေါ် ဟောက်ရွှမ်းအား အားမပါအောင် အသာလေးကန်ထည့်လိုက်သည်။သို့သော် နောက်ချီးပုံပေါ်ခေါင်းစိုက်သွားသည့် ဟောက်ရွှမ်းလေးကြောင့် ဝမ်ရိပေါ်မျက်လုံးပြူးသွားရသည်။

" ငါမရည်ရွယ်ပါဘူးကွာ "

ထိုစကားအားပြောပြီး ရိပေါ်ပြေးလေတော့သည်။ဟောက်ရွှမ်းသည် စိတ်တိုကာလိုက်မည်အပြု သူ၏ရှင်းချန်လေးအားတွေ့သည်မို့ သူ၏ချီးပေနေသောမျက်နှာအား သူ၏ချန်လေးမတွေ့စေရန် လှည့်ထွက်မည်အပြု....

" ဟောက်ရွှမ်း မင်းကငါ့တွေ့လို့လှည့်တာလား "

" ..... "

" ဟောက်ရွှမ်း! "

" ဟဲ "

ရယ်သံနှင့်အတူ ဟောက်ရွှမ်းရှေ့လှည့်လိုက်သည်နှင့် ရှင်းချန်၏ဘေးရှိ ရှင်းချန်သူငယ်ချင်းများမှာ ပြို့ပြီး ပါးစပ်အားအုပ်ကာပြေးကြလေသည်။

" ချန်လေး ကိုယ်နောက်မှလာခဲ့မယ် အခုက ဟို‌ကောင်ရိပေါ် ကိုယ့်ကို တွန်းချလိုက်လို့ "

" လာ ငါနဲ့လိုက်ခဲ့ "

ရှင်းချန်သည် ဟောက်ရွှမ်း၏လက်အားဆွဲကာ ချောင်းသို့ခေါ်သွားလိုက်သည်။ပြီးသည်နှင့် မျက်နှာပေါ်မှ နွားချေးများအား သေချာသန့်စင်ပေးလေသည်။ဟောက်ရွှမ်းတစ်ယောက် နောက်ချေးပေါ်တွန်းချခဲ့သော သကောင့်သားအား ကျေးဇူးပင်တင်ရမလိုဖြစ်သွားရသည်။

Dear Doctor { Complete✓ }Where stories live. Discover now