အချပ်ပို

50.8K 4.4K 628
                                    


happy brithday Dr. Kyaw Zayyan Htut.
စံပယ်ရုံကလေးဘေး ပျော်ရွှင်နေပါစေ ကိုထွဋ်ရေ။ ချစ်ရတဲ့ စံပယ်ပန်းကလေးကိုလည်းပျော်ရွှင်အောင်ထားနိုင်ပါစေ ။

   ထပ်တူချစ်မြတ်နိုးကြသူတွေမို့  ကိုထွဋ်ချစ်တဲ့စံပယ်ပန်းကလေးလန်းဖြာနေမှာ... ။

                              .........

     " ပန်း...ပန်း...ဝါ   ... ဝါ   "

ညကမိုးပေါက်တွေ​ခြွေတော့ ပိတောက်တွေဝေနေ၏။ တစ်လုံးချင်းမပီမသပြောသံမှာ ပျော်ရွှင်ခြင်းတွေပါဝင်နေလေသည် ။

     " ပိတောက်ပန်းလို့ ခေါ်တယ်ကွ "

အုန်းဆီစိုစိုနဲ့ဆံနွယ်နက်နက်လေးတွေအားဖွရင်းဆိုတော့ ရွှေလည်တိုင်ကလေးမှာ ယိမ်းရင်းမော့ကြည့်လာချေသည် ။ ထို့နောက် တွန့်ခနဲ ခေါင်းလေးစောင်းပြန်၏။ 

ပိတောက်ရနံ့တွေသည် လှိုင်ကြိုင်သင်းပျံ့နေချေသည်။ ကျော်ဇေယံထွဋ်တို့တစ်လမ်းလုံးအဝါတွေခင်းကျင်းထားသကဲ့သို့လှပနေ၏။ 

ယခင်ရက်တွေက သူ့နွေးနေမကောင်းတာမို့ ရှိသမျှအလုပ်အကုန်ပစ်ချကာနွေး ဘေး ကပ်နေသည်မှာခပ်ချွဲချွဲကြောင်တစ်ကောင်လို။

အချစ်ကထိုသို့ ဖျော်ချတတ်၏။  ယောကျာ်းသန်သန်မာမာကြီးပျော်ကျရသည်မှာ စည်ပိုင်းနဲ့အပြည့်။

    " နွေး  ... ကောင်လေး "

အသံပြန်မပေးတော့ နောက်ကိုပြန်လှည့်ကြည့်ရင်း ထိုအရိပ်ကလေးမတွေ့တော့လူကထိတ်ခနဲ။

အိမ်ရှေ့တွင်လည်းမတွေ့သည်မို့ ခြံရှေ့နားတဝှိုက်သူ့နွေးခြေဆံ့တတ်သည့်နေရာတွေအားလျှောက်ကြည့်ရင်း လမ်းဘေးနှုတ်ခမ်းပေါ်ကနေလျှောက်လှမ်းလာနေတဲ့ သူ့စံပယ်ရုံလေး ။

   လှမ်းလာနေသည့်လမ်းပေါ်တွင်ပန်းဝါတွေမရှိ။ သူမနင်းရက်လေဟန်တူသည် ။ 

     "  ကို   ... ကိုကို  "

အသံတိုးသဲ့သဲ့လေးပေမဲ့ ခေါ်ခေါ်ချင်းပင်ကြားရ၏။ နားနှင့်မနာ၊ဖဝါးနှင့်မနာ ၊ နှလုံးသားနှင့်သာနာ​လေသူမို့ ။

    " အဲ့လိုလျှောက် ၊ လျှောက် သွားတာ မကောင်းဘူးနော် နွေး ၊ တစ်နေရာရာသွားမယ် ဆို ကိုယ့်ကို... "

နေရောင်ခြည်လို   နွေးWhere stories live. Discover now