အပိုင်း ( ၄-၂ ) / အပိုင္း ( ၄-၂ )

2.6K 90 1
                                    

Unicode
အပိုင်း ( ၄-၂ )

မြတ်ဦးမောင်ဆိုသည်မှာ ငြိမ်းခရာတို့ငယ်ငယ်လေးကတည်းက ငြိမ်းခရာတို့မောင်နှမနှစ်ယောက်နှင့်ကစားဖော်ကစားဖက်များဖြစ်ပြီး၊ ငြိမ်းခရာတို့အတွက် အကိုတစ်ယောက်လိုလည်းဖြစ်ခဲ့သည်။ သို့သော် ထိုအချိန်က ငြိမ်းတို့အမွှာနှစ်ယောက်ထက် အသက်ခြောက်နှစ်ကျော်ကြီးတဲ့မြတ်ဦးမောင်ကတော့ ထိုသို့သဘောမထားနိုင်ခဲ့။ မြတ်ဦးမောင်ဟာ ငြိမ်းတို့အမွှာနှစ်ယောက်ထဲမှာမှ အကြီးဖြစ်တဲ့ငြိမ်းခရာအပေါ် သာမန်ညီအကိုဆက်ဆံရေးထက်ပိုတဲ့သံယောဇဥ်တွေရှိနေသည်ဆိုတာကို မြတ်ဦးမောင်ငယ်ငယ်လေးကတည်းက သူ့ကိုယ်သူသိခဲ့သည်။ သို့သော် မဖြစ်သင့်သေးတဲ့အရွယ်တွေမို့ သူ့ခံစားချက်တွေကို မြတ်ဦးမောင် ယနေ့အထိထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ မြတ်ဦးမောင်၏ငယ်စဥ်အတိတ်အချိန်ကစပြီးယခုအချိန်ထိ မြတ်ဦးမောင်၏အချစ်ဦးနဲ့အချစ်ဆုံးဟာ ငြိမ်းခရာဆိုသည့်သူ့လိုမျိုးတူယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့သည်။ ငယ်ငယ်လေးကတည်းက ချူချာလွန်းတဲ့ငြိမ်းခရာကြောင့် မြတ်ဦးမောင်ရဲ့ရည်ရွယ်ချက်ဟာ သူကြီးလာရင် ဆရာဝန်ဖြစ်ရမည်ဟု ​ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ကံတရားအရ ငြိမ်းခရာတို့မြေးအဖွားသုံးယောက်သည် သူတို့နေခဲ့တဲ့ရပ်ကွက်ကနေအိမ်ပြောင်းသွားကြပြီးတဲ့နောက် မြတ်ဦးမောင်တို့မိသားစုလည်း တစ်နယ်တစ်ကြီးမြို့ကြီးပြကြီးသို့ပြောင်း၍ အခြေချဖြစ်ခဲ့သည်။

မြတ်ဦးမောင်မှာ အခုလို မထင်မှတ်ဘဲရာရာလေးကို ပြန်တွေ့ရတော့မယ်ဆိုတဲ့အသိဟာ သူ့ရဲ့နှလုံးခုန်သံတွေကို ထိန်းချုပ်မရနိုက်တော့။ ထို့အတူတူ နေမကောင်းဖြစ်နေသည့်ရာရာလေးကိုလည်း စိတ်ပူမိပြန်သည်။ မြတ်ဦးမောင်.. သူ့ကိုယ်သူနားမလည်နိုင်၊ ငြိမ်းခရာနဲ့ငြိမ်းခတ္တာတို့... ငြိမ်းအမွှာနှစ်ယောက်ဟာ ရုပ်ချင်းခွဲမရအောင်တူပေမဲ့လည်း သူရင်ခုန်တဲ့သူက ဘာလို့သူနဲ့မျိုးတူယောက်ျားလေးတစ်ယောက်ဖြစ်နေတဲ့ရာရာလေးကိုမှလဲ။ ဤသို့ဆိုတိုင်းလည်း သူကလိင်တူချင်းစိတ်ဝင်စားတဲ့သူတစ်ယောက်မဟုတ်ပေ။ အခြားမည်သို့သောယောက်ျားလေးမျိုးကိုမှ သူရင်မခုန်တက်ပေမဲ့၊ ရာရာလေးနဲ့ပတ်သတ်ပြီး ရာရာလေးရဲ့အကြောင်းကို စဥ်းစားမိတဲ့အချိန်တိုင်းမှာ ထိန်းချုပ်ဖို့ခက်ခဲလွန်းတဲ့သူ့ရင်ခုန်သံတွေဟာ သူ ရာရာလေးအပေါ် မည်မျှအထိချစ်နေမိသည်ဟု မီးမောင်းထိုးပြထားသလို ထင်ထင်ရှားရှားမြင်ရစေသည်။

မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) / မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) [ Completed ]Where stories live. Discover now