အပိုင်း ( ၈-၆ ) / အပိုင္း ( ၈-၆ )

1.9K 81 0
                                    

Unicode
အပိုင်း ( ၈-၆ )

" ခဏနေအုန်း.. ငါ မင်းကို စိတ်မဆိုးဘူးဆိုတာက မင်းကို..ချစ်လို့မဟုတ်ဘူးနော်၊ မနက်ကျရင်..ငါ့ကိုအိမ်ပြန်လိုက်မပို့ပေးမှာစိုးလို့ "

" ဟင်!!... အင်းပါ မောင်သိပါပြီ၊ အချစ်သိလား... မောင်ကလေအချစ်နဲ့တွေ့မှ အခုလိုစကားတွေပြောတာ... အရင်မောင်နဲ့တွဲခဲ့တဲ့ကောင်မလေးတွေဆို အခုလိုအောက်ကျခံပြီးမပြောဘူး... သိလား "

" လျှောက်ပြောမနေနဲ့...၊ မင်း ငါနဲ့အခုပြောတဲ့စကားကလည်း အရင်ကမင်းရဲ့ရည်းစားတွေကိုပြောခဲ့တာပဲမလား... အပိုတွေ "

" မဟုတ်ဘူး.... အဲ့တုန်းက တကယ်မပြောပါဘူးဆို... အရင်က မောင်ကလေ.. ခုလိုမှမဟုတ်တာ၊ မောင့်အပေါ်ကို သေးသေးတင်လေးတောင် အတင်မခံတဲ့ကောင်ပါ၊ ရည်းစားမပြောနဲ့... မိဘတွေကိုတောင် အခုလို အောက်ကျခံပြီးမပြောခဲ့ဘူး "

" ......... "

" ဟုတ်ပါပြီ... အချစ်ရယ်၊ အခုရော မောင်က အပြင်မှာသွားအိပ်ပေးရမလား... ဒီအိမ်က အဖေနဲ့အမေကွာရှင်းပြီးတော့ အဖေက... သူတစ်ယောက်တည်းလာနေတဲ့အိမ်လေ၊ အဖေက..အမြဲလိုလိုခရီးသွားနေရတာ... အဲတော့ဒီအိမ်မှာက ခြင်ထောင်ကလည်းတစ်ခုတည်းရှိတာ... ခေါင်းအုံးရာ၊ စောင်ရောပဲ... အခန်းကလည်း ဒီတစ်ခန်းတည်းရယ်... မောင်အပြင်ထွက်အိပ်ပေးပါ့မယ်၊ အချစ်..စိတ်ချလက်ချနဲ့အိပ်နော်၊ ဒီနေ့ကျမှ.. ရာသီဥတုကလည်းအေးနေသေးတယ်... ခြင်ဆေးခွေလည်းမရှိဘူး၊ ဟူး...... "

သက်မင်းပိုင်လည်း သူ့ကိုဘာစကားမြှပန်မပြောတော့တဲ့ငြိမ်းခရာကြောင့် ငြိမ်းခရာအနားကနေ...ထသွားဖို့ပြင်သည်။ သူ့ကြောင့် ငြိမ်းခရာကို... စိတ်မရှုပ်စေချင်သောကြောင့်ဖြစ်သည်။ သို့သော် သက်မင်းပိုင်ရဲ့လက်ကို လှမ်းဆွဲလိုက်တဲ့ငြိမ်းခရာကြောင့် သက်မင်းပိုင်မှာ ငြိမ်းခရာဘေးကိုပြန်ထိုင်ချလိုက်သည်။

" ရတယ်... ငါနဲ့အတူတူလာအိပ်၊ ငါတစ်ယောက်တည်းမအိပ်ရဲဘူး.. သူစိမ်းအိမ်မှာ၊ ဒါပေမဲ့... မင်း ငါ့ကို ဘာမှမလုပ်ရဘူးနော်... ကတိပေးလား "

" အင်း... အင်း မောင်ကတိပေးတယ်လေ၊ အဲ့တာဆို မောင်..အချစ်နဲ့အတူတူအိပ်မယ်နော် "

မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) / မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) [ Completed ]Where stories live. Discover now