အပိုင်း ( ၂၅ ) / အပိုင္း ( ၂၅ )

2.3K 74 0
                                    

Unicode
အပိုင်း ( ၂၅ )

" မမတာရီ...သားဗိုက်ဆာတယ် "

" အယ်... ဟုတ်ပါ့၊ မမလည်းအချိန်ကိုမကြည့်မိဘူး... နေ့လယ်ခင်းတောင်ရောက်တော့မှာပဲ၊ ညီညီ... ရော့!! ဒီအထုတ်တွေကို ကားပေါ်သွားတင်ပေးပါအုန်း... ပြီးရင် ဟိုရှေ့ကဆိုင်ကိုလိုက်လာခဲ့နော်... ခဲအိုလေး သွားကြမယ် "

ညီမင်းမှာ သူ့လက်နှစ်ဖက်လုံးအပြည့်ဖြစ်နေတဲ့အထုတ်အပိုးတွေကိုကြည့်ရင်း သက်ပြင်းချသည်။ တော်သေးသည်က သူတို့အခုရောက်နေတဲ့ကုန်တိုက်က Boss.. ပိုင်သည့်ကုန်တိုက်တစ်ခုဖြစ်တာကြောင့် ညီမင်းလည်း Boss.. နာမည်ကိုသုံးကာ သူ့လက်ထဲကအထုတ်တွေကို ဆိုင်တစ်ဆိုင်မှာပဲအလွယ်ဝင်ထားလိုက်ပြီး ရှေ့ကအရင်ထွက်သွားတဲ့တာရီတို့နောက်ကိုလိုက်လာခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~

* ဒေါက်..!.. ဒေါက်!! *

စာဖတ်ခန်းထဲမှာမနက်ခင်းတစ်ခုလုံးအချိန်ကုန်သွားတဲ့သက္ကရာဇ်က နေ့လည်ရောက်မှပဲ အခန်းတံခါးခေါက်သံကြောင့် စာဖတ်ခန်းထဲကနေအပြင်ကိုထွက်လာသည်။

" အော်... ကြီးမြ ဘာကိစ္စရှိလို့လဲ.. "

" ဟို..၊ အဲ့တာက.. အဲ့တာကလေ "

" ဘာဖြစ်လို့လဲ... ကြီးမြ "

" ရာရာလေးရဲ့အမ..မြတ်နိုးမေ "

" အင်း...သူပြန်ပြီလား "

" မဟုတ်ဘူး.. သူဌေးလေး!! ဟို.. မနက်တုန်းက သူ့အင်္ကျီပေါ်ကိုကော်ဖီမှောက်ကျသွားလို့ဆိုပြီး သူ့အင်္ကျီတွေလဲချင်တယ်လို့ကြီးမြကိုပြောတယ်... အဲ့တာနဲ့ ကြီးမြလည်း အဝတ်အစားတွေသွားယူနေတုန်း သူက သူဌေးလေးနဲ့ရာရာလေးတို့အခန်းထဲဝင်သွားတယ်...၊ ကြီးမြလည်း ပြန်ထွက်ဖို့ပြောပေမဲ့ သူက သူ့မောင်အဝတ်အစားတစ်စုံလောက်ယူဝတ်ပြီးရင်ပြန်ဆင်းခဲ့မယ်လို့ပြောလို့ အောက်ထပ်ကနေပဲ စောင့်နေလိုက်တာ.... အဲ့တာ အခုထိ ဆင်းမလာသေးလို့သွားခေါ်တော့လည်း အခန်းတံခါးကို လော့ခ်ချထားတယ်... "

" ဘာ!!.... တောက်စ်!!! မြတ်နိုးမေ...၊ မင်း..! အရမ်းကိုအဆင့်တွေကျော်နေပြီ!!! "

သက္ကရာဇ်လည်း အိမ်အပေါ်ထပ်ကိုချက်ချင်းဒုန်းဆိုင်းပြေးသွားလိုက်ပြီး အခန်းတံခါးကိုသော့နဲ့ဖွင့်လိုက်သည်။

မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) / မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) [ Completed ]Where stories live. Discover now