အပိုင်း ( ၁၉ ) / အပိုင္း ( ၁၉ )

2.5K 70 0
                                    

Unicode
အပိုင်း ( ၁၉ )

" အွင်း......... "

သူ့ပေါင်ပေါ်ကနေလူးလွန့်လာတဲ့ကလေးလေးကြောင့် ကလေးလေးနိုးလာပြီဆိုတာကို သက္ကရာဇ်က သိလိုက်သည်။

" ကလေးလေး.... နိုးပြီလား "

" ဟုတ်....! မောင်... သားတို့အခုဘယ်မှာလဲဟင်၊ ကစားကွင်းမှာမှတ်လား "

" ဟုတ်ပါတယ်ဗျာ....၊ ကစားကွင်းက ကားပါကင်မှာပါဗျာ "

" ဟုတ်..!! ဟုတ်၊ အဲ့တာဆို သားတို့သွားမယ်လေ "

" ခဏလေး နေပါအုန်း...၊ ကလေးလေးက အခုမှနိုးတာလေ၊ အရင်ဆုံးတစ်ခုခုစားရအောင်.... ကလေးလေး ခေါင်းကြည်သွားအောင်... "

" ဟုတ်...!! အဲ့တာဆိုဖျောရည်ပဲသောက်မယ်လေနော်.... "

ကလေးလေးရဲ့တက်ကြွနေတဲ့အသံလေးက သူလေးဘယ်လောက်ပျော်နေတယ်ဆိုတာသည် သက္ကရာဇ်ကိုသိစေသည်။

သက္ကရာဇ်မှာ ကလေးလေးကိုကစားကွင်းထဲက ရေလွှာမိချောင်း၊ မိုးပျံရထား၊ ချားရဟက်၊ ပင်လယ်ဓားမြလှေမှအစ... နောက်ဆုံးသရဲအိမ်အထိပါ ကစားကွင်းတစ်ခုလုံးမှာရှိတဲ့နေရာတွေကို လိုက်ပို့ပေးရင်း သူလည်းပဲ ကလေးလေးနဲ့အတူတူ မကုန်ဆုံးချင်လောက်အောင်ပျော်စရာကောင်းတဲ့ညနေခင်းလေးကိုဖြတ်သန်းခဲ့သည်။

ကလေးလေးက အခြားသူတွေကိုအားကျကာ သရဲအိမ်ထဲကိုဝင်ချင်ပေမဲ့ သရဲကြောက်တက်တဲ့သူလေးက " မောင်ရှိရင် မကြောက်ဘူး၊ မောင်က သရဲမကြောက်ဘူးမလားဟင်... "ဆိုတဲ့အပြောလေးတွေနဲ့မြူစွယ်တာကြောင့် သက္ကရာဇ်မှာကလေးလေးကိုအထိတ်တလန့်မဖြစ်စေချင်ပေမဲ့လည်း သရဲအိမ်ထဲကိုဝင်ခဲ့ရသည်။ သို့သော် သက္ကရာဇ်က ကလေးလေးကိုသူ့ရင်ခွင်ထဲမှာဖားပြုတ်လေးတစ်ကောင်ကိုရှေ့ကနေပွေ့ချီကာ သရဲအိမ်ထဲကအသံတွေကြောင့် သူနဲ့ကလေးလေးကို သရဲအိမ်ထဲမဝင်ခင်ကတည်းက ဓာတ်ပုံတွေခိုးရိုက်နေတဲ့ကလေးမလေးဆီကနေ ဖုန်းနဲ့နားကြပ်ကိုခဏငှားခဲ့သည်။ ကလေးလေးကိုနားကြပ်တပ်ပေးကာ ငှားလာတဲ့ဖုန်းထဲက အင်္ဂလိပ်သီချင်းတချို့ကို အပြင်ကအသံတွေမကြားနိုင်ရုံမျှအသံချဲ့၍ဖွင့်ပေးထားသည်။ ကလေးလေးက သူလုပ်ပေးတဲ့အတိုင်းငြိမ်ငြိမ်လေးနေကာ တစ်ချက်တစ်ချက်ရင်ခွင်ထဲကနေခေါင်းလေးကို ဘယ်ညာစောင်းကာပတ်ဝန်းကျင်ကိုချောင်းကြည့်သေးသည်။ သရဲအိမ်အပြင်ကိုပြန်ရောက်တော့ ကလေးမလေးဆီကငှားလာတဲ့နားကြပ်နဲ့ဖုန်းကို သက္ကရာဇ်က ထွက်ပေါက်မှာရပ်စောင့်နေတဲ့ ဖုန်းပိုင်ရှင်ကောင်မလေးကို ပေးလိုက်သည်။ ကလေးမလေးက သက္ကရာဇ်ပေးတဲ့ဖုန်းနဲ့နားကြပ်ကိုမယူသေးဘဲ သူ့ရင်ခွင်ထဲမှာဖားလေးတစ်ကောင်လိုကပ်တွယ်နေတဲ့ကလေးလေးနဲ့သူ့ကိုကြည့်ကာ ကောင်မလေးရဲ့နှာခေါင်းကနေသွေးတွေလျှံတော့သည်။

မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) / မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) [ Completed ]Where stories live. Discover now