အပိုင်း ( ၂၁ ) / အပိုင္း ( ၂၁ )

2.4K 78 0
                                    

Unicode
အပိုင်း ( ၂၁ )

" မြတ်နိုးရာ...!! မောင် အခုပြောနေတယ်နော်၊ အခု...ထ! အဲ့မြေကြီးပေါ်ကနေ...၊ လာ ဒီမှာပဲ ရေချိုးရမယ်... "

" .ဟင့်! ........ "

သက္ကရာဇ်ရဲ့စိတ်ကဒေါသထွက်နေတာကြောင့် မြတ်နိုးရာ‌လေးရဲ့နာမည်ကိုမာမာထန်ထန်နဲ့ပြောမိသည်။

" မြတ်နိုးရာ...!!! မောင်က ထလို့ပြောနေတယ်လေ၊ မောင်... စိတ်မရှည်တော့ဘူးနော်၊ အခုထ!!!... "

" ........ဟင့်!. "

ဘာမှပြန်မပြောဘဲမြေကြီးပေါ်ဖင်ထိုင်ချပြီးခေါင်းငုံ့ကာရှိုက်ငိုနေဆဲဖြစ်တဲ့မြတ်နိုးရာလေးကြောင့် သက္ကရာဇ်မှာ စိတ်မရှည်တော့ဘဲ မြတ်နိုးရာလေးရဲ့ပခုံးကနေကိုင်ပြီး ဆွဲထူလိုက်သည်။

" ကျစ်!!.... မြတ်နိုးရာ!!! မင်း.... မောင် ပြောနေတာကို အလေးမထားတာလား... ဟမ်!! ပြောလေ..... မြတ်နိုးရာ!! မင်း.... မောင့်စေတနာကို နားမလည်.. "

" အဟင့်!! ..ဟင့်! "

သက္ကရာဇ်က မြတ်နိုးရာရဲ့ပခုံးကိုဆွဲရမ်းကာ အော်ပြောမိသည်။ ဒေါသကြောင့် သက္ကရာဇ်ရဲ့အပြုအမူအပြောအဆိုတွေဟာ ကြမ်းတမ်းသွားသည်။ သူ့လုပ်ရပ်ကြောင့် မြတ်နိုးရာလေးရဲ့ကိုယ်က တသိမ့်သိမ့်တုန်ရီလာတာ​ကြောင့် သက္ကရာဇ်မှာ သူ့အပြုအမူကိုသူ သတိထားမိသွားသွားပြီး ဘာမှဆက်မပြောတော့ဘဲ မြတ်နိုးရာလေးရဲ့ပခုံးပေါ်မှာတင်ထားတဲ့သူ့လက်တွေကိုဖြုတ်ချလိုက်သည်။

သက္ကရာဇ်မှာ မြတ်နိုးရာလေးရဲ့သူ့ကိုကြောက်ရွံကာမတ်တပ်ကလေးရပ်လျက်သားရှိုက်ငိုနေတဲ့ပုံစံလေးကြောင့် ရင်ဘတ်တစ်ခုလုံးတစ်စို့လာပြီး သူ့ကိုယ်သူပြန်ဒေါသထွက်မိသည်။

" ဟာကွာ...၊ ခွပ်! ....ခွပ်! ....ခွပ်! "

သူ့အနောက်က မန်းကျည်းပင်ကိုစိတ်ရှိတိုင်း သက္ကရာဇ်တစ်ယောက် လက်သီးနဲ့ထိုးချလိုက်သည်။

" မောင်...!! မောင်... ဟင့်!... မောင်... သား တောင်းပန်ပါတယ်၊ အဲ့လိုမလုပ်ပါနဲ့..... ဟင့်! သားတောင်းပန်ပါတယ်...... သားမဆိုးတော့ပါဘူး၊ ဟင့်..... အဲ့လိုမလုပ်ပါနဲ့..၊ မောင့်လက်တွေ....သွေးထွက်နေပြီ၊ ဟင့်!..... သားတောင်းပန်ပါတယ်.... သား တီတီတို့နဲ့ ရေလိုက်မချိုးတော့ပါဘူး..... ဟင့်!! "

မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) / မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) [ Completed ]Where stories live. Discover now