အပိုင်း ( ၁၃_၁၁ ) / အပိုင္း ( ၁၃_၁၁ )

1.8K 77 0
                                    

Unicode
အပိုင်း ( ၁၃_၁၁ )

" ငါ.. အသက်ရှူရခက်ပြီးသတိမေ့သွားရုံပဲ...၊ အားလုံးကိုမှတ်မိနေတာတော့မဟုတ်ပေမဲ့ မင်း... ငါ့ကိုကျောပိုးပြီးဆေးခန်းခေါ်သွားတာကိုတော့ ငါ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတုန်းကမှတ်မိတယ်.....၊ မင်း... ရူးနေတာလား ဟမ်! ဒီလောက်အဝေးကြီးကို ဖိနပ်မပါပဲသွားရအောင်.... မတော်လို့ ပုလင်းကွဲတွေ၊သံတွေစူးမိသွားရင်...ဘယ်လိုလုပ်မလဲ...၊ အခုတောင်.. ကြည့်အုန်း မင်းရဲ့ခြေဖဝါးတစ်ခုလုံး... ပွန်းရာပဲ့ရာတွေချည်းပဲ "

" မောင်က... အချစ်တစ်ခုခုဖြစ်သွားမှာစိုးလို့ ဘာမှမစဥ်းစားနိုင်တော့ပဲ လုပ်မိသွားတာပါ "

ငြိမ်းခရာက သက်မင်းပိုင်ကိုဒေါသထွက်နေတာမဟုတ်ဘဲစိုးရိမ်လို့ပြောနေပေမဲ့ သူ့ရဲ့အသံက အရမ်းကိုမာထန်နေတာကြောင့် သက်မင်းပိုင်မှာ ငြိမ်းခရာကိုအပြစ်လုပ်မိထားတဲ့သူတစ်ယောက်လိုမျက်နှာလေးငယ်ကာ ပြန်ဖြေသည်။

" အဲ့လိုဖြစ်အောင်... မင်းပဲလုပ်တာလေ၊ မင်းသာ.. မင်းသူငယ်ချင်းတွေကိုအိမ်ခေါ်မလာဘူးဆိုရင်.. ငါအခုလိုဖြစ်ပါ့မလား...ဟမ်! အခုတော့ မင်းကြောင့် ငါ...အပြောခံရတာ "

ငြိမ်းခရာမှာ သူ့အသံကဒေါသသံတွေအရမ်းပါနေမှန်းသိပေမဲ့လည်း သူ့စိတ်ကိုမထိန်းနိုင်ဘဲ သက်မင်းပိုင်ကို အပြစ်တွေချည်းပြောမိသည်။ ထိုသည်ထက် လူ့ရိပ်၊လူ့အကဲမခတ်တတ်တဲ့အပြင် မကောင်းတဲ့သူငယ်ချင်းတွေပါပေါင်းနေခဲ့တဲ့သက်မင်းပိုင်ကို အားမလိုအားမရဖြစ်တာကြောင့် ထိုသို့သူ့အသံတွေကဒေါသသံစွက်ကာမာထန်နေရခြင်းဖြစ်သည်။

" မောင်... မှားသွားပါတယ်၊ မောင် သူတို့ကိုကြိုပြီးပြောထားပြီး သူတို့လက်သင့်ခံလား၊လက်သင့်မခံဘူးလားဆိုတာသိအောင် အရင်လုပ်ရမှာပါ...၊ အဲ့တာဆို အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး... မောင် တောင်းပန်ပါတယ်နော်.... "

သူ့ကိုမျက်ရည်တွေစီးကျကာ ဝမ်းနည်းမှုကိုအံကိုကြိတ်ပြီးဖုံးကွယ်ကာနောင်တရပါပြီဆိုတဲ့အရိပ်အယောင်များပြည့်နေသည့်အကြည့်များနှင့် သူ့ကိုတစ်ချက်ကြည့်ပြီး ခေါင်းငုံ့သွားတဲ့သက်မင်းပိုင်ကြောင့် ငြိမ်းခရာလည်းနောက်ဆုံး သူ့စိတ်ကိုယ်သူလျော့လိုက်သည်။

မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) / မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) [ Completed ]Where stories live. Discover now