2

458 32 0
                                    

Unicode

"ဟင် ဦးလေးကြီး"
"မင်း မင်းက ဒီကိုဘယ်လိုလုပ်"
"နေပါအုံး ဦးလေးကြီးကသာဒီမှာဘာလုပ်နေတာလဲ"
"ကိုယ်က CEO လေ ပြီးတော့ ကိုယ့်နာမည်ကဦးလေးကြီးမဟုတ်ဘူး ပတ်ဂျေး"
"CEO?"
"အဲ့တော့ မင်းကအတွင်းရေးမှူးပေါ့"
"ဟုတ်"
"နေပါဦး မင်းအသက်ရောပြည့်သေးရဲ့လား ကလေးလေး"
"ဘာဗျ ကျွန်တော်က 24 နှစ်ပြည့်တော့မှာ"
"အာ ဟုတ်လား"

ဟုတ်လားလို့ပြောနေသော်လည်း သူ့ကိုကလေးပြောလို့ဒေါသထွက်နေတဲ့ ကြောင်ပေါက်လေးကိုကြည့်ပြီးရယ်ချင်စိတ်ကထိန်းမရ ဒါပေမဲ့လည်းရယ်လိုက်ရင်ပိုပြီးဒေါသထွက်သွားမှာစိုးလို့ မျက်နှာကိုတည်ထားသော်လည်း ပြုံးစိစိဖြစ်နေတာကိုတော့ထိန်းမရ
{ aegyo battle မှာထဲက အာအီးဆိုတဲ့ဂျေးပုံစံနဲ့မြင်ယောင်ကြည့်ပါ }

"ဟုတ်တယ်"
"ဟုတ်ပါပြီ အဲ့တာဆိုကူညီပေးပါအုံးနော် ကြောင်ပေါက်လေး"
"ဘာကိုကြောင်ပေါက်လေးလဲ ဘာမှခိုင်းစရာမရှိဘူးဆိုသွားပြီ"
"နေဦး..တကယ်ပါပဲ"

ကိုယ်ပြန်ပြောတဲ့စကားကိုတောင်မစောင့် နှုတ်ခမ်းတဆူဆူနဲ့ပြောချင်ရာပြောပြီးထွက်သွားတာမသိရင် ဒေါသထွက်နေတဲ့ကြောင်ပေါက်လေးမာန်ဖီနေသလိုပဲ အလုပ်ရှင်ကိုပြန်ခံပြောပြီး ဆူဆောင့်အောင့်ပြီးသွားတာတခြားသူသာဆိုသူတစ်ခုခုပြန်ပြောမိလောက်တယ် ဒါပေမဲ့ချစ်ရသူလေးဖြစ်နေတော့လည်းအပြစ်မမြင်မိ ဒီလောက်ကတော့စာမဖွဲ့ဘူး ဒီထက်ပိုဆိုးတာလုပ်သွားရင်တောင်ကျေကျေနပ်နပ်ပဲ
သေချာပါတယ်ကျွန်တော်တော့ သူ့ကြောင့်ဆေးမမှီလောက်တော့ဘူး ဘယ်ဆရာဝန်ခေါ်ခေါ်ဒီရောဂါပျောက်မယ်မထင် ယန်းဂျောင်ဝန်းဆိုတဲ့ဆရာဝန်လေးကုပေးမှသာပျောက်တော့မှာ ဘယ်လိုပဲဖြစ်ဖြစ် ချစ်စရာလေးလုံးဝကိုချစ်ဖို့ကောင်းတယ် လူယောင်ဆောင်ထားတဲ့နတ်သားလေးလိုပဲသူ့ကိုကြည့်လိုက်တာနဲ့ရင်ထဲမှာအေးချမ်းပြီး ရှိတဲ့အပူတွေတောင်ပျောက်သွားသလိုပဲ တကယ်ကိုအေးချမ်းရာရပ်ဝန်းလေး...

"ရားး ပတ်ဂျေး!"
"အမေ!"
ကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးနေတုန်းဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ နှစ်ယောက်မရှိတဲ့အကောင်းစားသူငယ်ချင်းပတ်ဆောင်းဟွန်း သေချာတာကတော့ကျွန်တော့်ဆီလာတာမဟုတ်ဘူး သူ့ရည်းစားဆီလာတာဘဲနေမှာ
"ဘာကိုအမေလဲ ငါကမင်းအမေမဟုတ်ဘူး"
"အာ ဆောင်းဟွန်း မင်းဘယ်ထဲကရောက်တာလဲ ဝင်လာမယ်ဆိုလည်းတံခါးလေးဘာလေးခေါက်လေ"
"တံခါးခေါက်တာကိုမကြားဘဲနဲ့ CEO nim ကစိတ်တွေဘယ်ရောက်နေတာလဲ မြက်သွားစားနေတာလား"
"ကြောင်ပေါက်လေးဆီကို"
"ဘယ်ကကြောင်လဲ မင်းကြောင်မွေးထားတာလား"
"အွန်း ခေါ်မွေးလို့ရရင်လဲကောင်းသား တစ်သက်လုံးအပြီးခေါ်ထားချင်တာ"

Sweet Love [Complete]Where stories live. Discover now