𝑬𝒏𝒅𝒊𝒏𝒈

324 22 0
                                    

Unicode

"ကိုကို ကျွန်တော်ကြောက်တယ်နော်"
"ဘာမှမဖြစ်ပါဘူးဝန်းလေးရဲ့ ကြောက်စရာမလိုဘူး ကိုယ်ရှိတယ်"
"ဒါပေမဲ့လည်း"
"ဝန်းလေးက ကိုယ့်ကိုမယုံတာလား"
"မဟုတ်ပါဘူး ကိုကို ကိုယုံပါတယ် ဒါပေမဲ့လည်း"
"ဘာမှမဖြစ်ဘူး သွားမယ်"

အခုလောလောဆယ်ကတော့ ဂျောင်ဝန်းနဲ့ဂျေးနဲ့နှစ်ယောက်သား ဂျေးအမေမှဂျောင်ဝန်းကိုတွေ့ချင်ပါသည် ဟုပြောလာသောကြောင့် ဂျေး၏အိမ်ကိုရောက်နေခြင်းပင်
အိမ်ရှေ့ကိုရောက်နေတာမိနစ်နှစ်ဆယ်လောက်ပင်ရှိပြီဆိုပေမယ့်လည်းအခုထိအိမ်ထဲမရောက်သေး အကြောင်းအရင်းကတော့ဂျေးရဲ့ဝန်းလေးမှာ မသွားရဲဘူးဆိုသောကြောင့်ချော့ကာခေါ်နေရခြင်းပင်

တကယ်ပါဆို ဟိုတစ်နေ့ကသောင်းကျန်းသွားတာသူမဟုတ်တဲ့အတိုင်းပင် အခုလည်းကျတော့ကြောက်နေတဲ့တာလေးကချစ်စရာလေး ဟိုတစ်နေ့မာန်ဖီနေတဲ့ကြောင်ပေါက်လေးလိုပုံစံလေးကလည်းချစ်ဖို့ကောင်းတယ် အခုလည်းချစ်ဖို့ကောင်းတယ် အရင်တည်းကလည်းချစ်ဖို့ကောင်းတယ် အမြဲတမ်းဘယ်အချိန်ချိန်ဖြစ်ဖြစ်ချစ်ဖို့ကောင်းတယ်

"ကိုကို!"
"ဟမ် အင်း ပြောလေ"
"ခေါ်နေတာကို"
"ဆောရီး ကိုယ်မကြားလိုက်လို့ ဘာပြောလိုက်တာလဲ"
"သွားကြမယ်လို့"
"အင်း သွားကြတာပေါ့"

အိမ်ထဲလည်းရောက်ရော ကိုယ်ကသားအရင်းဟုတ်ရဲ့လားဆိုတာကိုတောင်ပြန်စဥ်းစားရတဲ့အထိ

"ကလေးကချစ်စရာလေးကို မင်းကဘာလို့စောစောခေါ်မလာရတာလဲ ပတ်ဂျေး"
"အမေကလည်း"
"ဂျောင်ဝန်းဟုတ်တယ်နော် ကလေးနာမည်က"
"ဟုတ်"

ဂျောင်ဝန်းတစ်ယောက်အခုချိန်ဘယ်လောက်ကြောက်နေလဲဆိုတာကိုတော့ သူကိုယ်တိုင်ကလွဲပြီးဘယ်သူမှသိလောက်မယ်မထင် သေချာတာကတော့ကြောက်လွန်းလို့ လက်ဖျားတွေလည်းတော်တော်ကိုအေးစက်နေလောက်ပြီ

"ချစ်စရာလေးပဲ ဒီကိုလာပါဦး အမေ့ဆီကို"
"ဗျာ ဟို ဟိုလေ"

ဂျေးဟျောင်းဘက်ကိုလှည့်ကြည့်တော့လည်းသွားလေဆိုတဲ့ပုံစံနဲ့မေးငေါ့ပြလာသည် သွားဆိုတာကတော့ဟုတ်တာပေါ့ ဒါပေမယ့်ခြေထောက်ကမှမရွေ့တာကို ဘယ်လိုလုပ်ရမှာလဲလို့ အမေရေ ကူပါဦးလို့

Sweet Love [Complete]Where stories live. Discover now