4

272 21 0
                                    

Unicode

အခုတော့မသွားချင်ဆုံးနေရာကိုရောက်နေရပြန်ပြီပေါ့ ဒီလူကြီးအိမ်ကိုမလာချင်ပေမယ့်လည်းမလာချင်မှတဲ့အဆုံး အရင်ဘဝကများမင်းသူ့အပေါ်ဘာတွေလုပ်ခဲ့လို့လဲယန်းဂျောင်ဝန်းရေ

"တီးတောင်"{ဘဲလ်တီးသံ}
"တီးတောင်"
"တီးတောင်"

"ဘာလဲဟ တံခါးလည်းလာမဖွင့်ဘူး လူကိုခေါ်ထားပြီးတော့ အမေ!"
ပြောလို့မပြီးသေးတံခါးလာဖွင့်တဲ့သူကြောင့်လန့်သွားမိတာတော့အမှန်

နေလို့သိပ်မကောင်းလို့ခေါင်းမကြည်ရတဲ့ကြားထဲ ဘဲလ်ကိုအဆက်မပြတ်တီးနေတာကြောင့် ဒေါသကထောင်းခနဲ တံခါးဖွင့်ပြီးသွားရင်ကောင်းကောင်းပြောမလို့စဥ်းစားထားပေမယ့် တံခါးလည်းဖွင့်လိုက်ရော တံခါးဝမှာရပ်နေတဲ့ကောင်လေးကြောင့်ပြောဖို့စကားတွေလေထဲမှာတင်ပျောက်သွားတာ ဘာမှမလုပ်ဘဲဒီတိုင်းလေးရပ်နေတာကတောင်သူ့ကိုရင်ခုန်စေနိုင်တယ် နေရောင်ကလည်းသူ့အပေါ်ဖြာကျနေတဲ့အတွက်နတ်သက်ကြွေလာတဲ့နတ်သားလေးလိုပဲ သက်ရှိနတ်ဘုရားလေး ဘုရားသခင်ကဒီနတ်သားလေးကိုပြစ်ချက်မရှိအောင်ကိုဖန်ဆင်းထားတာ

"အဟမ်း ဒီတိုင်းရပ်နေရမှာလား နေပူတယ်လေ"
"အာ ဆောရီး ဝန်းလေး ဝင်လာခဲ့လေ"

ငေးနေတာဘယ်လောက်ကြာသွားမှန်းမသိအရှေ့က ကြောင်ပေါက်လေးဆီကအသံထွက်လာကာမှသတိဝင်တဲ့အဖြစ် မျက်နှာကိုနေထိုးနေလို့ထင်တယ် နှုတ်ခမ်းကဆူနေပြီ အော် လူလှတော့လည်းနေခတာပေါ့ နေမင်းတောင်မနာလိုတဲ့ပုံပဲ

အိမ်ထဲလည်းရောက်ရောယောကျာ်းလေးတစ်ယောက်နေတဲ့အိမ်လို့မထင်ရအောင်ကို သန့်ရှင်းသပ်ရပ်လွန်းနေတာ ရှုပ်ပွနေတဲ့ကျွန်တော့်အခန်းနဲ့များတစ်ခြားစီပေါ့နော် ပရိဘောဂတွေကအစအရမ်းစျေးကြီးမှန်းသိသာတယ် အပြင်အဆင်တွေကလည်း အရမ်းကိုအဆင့်မီလွန်းတယ် သူဌေးသားလို့ကိုမပြောရဘူး ကောင်းလိုက်တာ

"ဝန်းလေး ဗိုက်ဆာနေပြီလား ဘာစားခဲ့လဲ တစ်ခုခုသောက်မလား"
"ရပါတယ် ဖိုင်တွေလာပေးတာပါ"
"အွန်း"
"ပေးပြီးပြီဆိုတော့ပြန်တော့မယ်"
"ပြန်တော့မလို့လား နေဦးလေ"
"ဘာဖြစ်လို့လဲ"
"ကိုယ်နေမကောင်းဘူးလေ"
"အဲ့ဒီတော့"
"နေမကောင်းတဲ့သူကိုတစ်ယောက်တည်းထားခဲ့မလို့လား"
"ခင်ဗျား..မဟုတ်ပါဘူး CEO နေမကောင်းတာကိုကျွန်တော်ကဘာလုပ်ပေးရမှာလဲ"
"ဝန်းလေးကလည်းကွာ"
"အားရှ် တကယ်ပဲ ပြောပြောဘာလုပ်ပေးရမှာလဲ နေမကောင်းလို့ကူညီပေးတာနော်"

Sweet Love [Complete]Where stories live. Discover now