7

232 22 4
                                    

Unicode

"မင်းညတည်းကဘာလုပ်ခဲ့တယ်ဆိုတာကိုလေ"
"ဘာ ဘာလုပ်လို့လဲ"
"ဘာမှမဟုတ်တော့ဘူး စတာပါ ဘာလို့အဲ့လောက်ထိလန့်သွားရတာလဲ"
"ဘယ် ဘယ်တည်းကလန့်လို့လဲ"
"အကျီတွေထုတ်ထားပေးခဲ့မယ် ထမင်းစားဖို့လုပ်လိုက်ဦးမယ် ပြီးရင်ထွက်လာခဲ့နော် ဝန်းလေး"
"အင်း"

စလိုက်တော့လည်းရဲကနဲဖြစ်သွားတဲ့မျက်နှာလေးကအရမ်းချစ်ဖို့ကောင်းတာပဲ အား ယန်းဂျောင်ဝန်းမင်းကတော့ကိုယ့်ကိုရူးအောင်လုပ်နေတာပဲ

မသိချင်ယောင်သာဆောင်နေရတာ ကိုယ့်အပြစ်နဲ့ကိုယ်မလို့လားတာ့မသိ ရင်တွေတောင်တုန်နေတယ် တကယ်ပါဆို အဲ့လူကြီးကလေလူကိုရင်ခုန်အောင်အရမ်းလုပ်တယ် အခုလည်းအကျီထုတ်ပေးပြီးတော့အခန်းအပြင်ကိုထွက်သွားလို့သာ မဟုတ်ရင်တော့ဘယ်လိုတောင်ဆက်လုပ်ရမလဲမသိတော့
"ယန်းဂျောင်ဝန်းတော်ပြီ မစဥ်းစားနဲ့တော့"
ကိုယ့်ဘာသာကိုယ်သာသတိဝင်အောင်လုပ်ပြီး ရေချိုးခန်းဘက်ကိုသာဦးတည်ခဲ့လိုက်တော့တယ် ဆက်ပြီးစဥ်းစားနေရင်လည်း မျက်နှာပူရုံကလွဲပြီးဘာမှမရှိဘူးလေ
ရေချိုးပြီးထွက်လာတော့ကုတင်ပေါ်မှာတင်ပေးထားတဲ့အဝတ်တွေကိုယူဝတ်လိုက်ပေမယ့်လည်းကိုယ်ကပဲအကောင်သေးနေလို့လားတော့မသိဘူး အကျီလက်ကလည်းရှည် ဘောင်းဘီကလည်းရှည် ဟုတ်တော့ဟုတ်နေပြီ

တံခါးဖွင့်သံကြားလို့လှည့်ကြည့်လိုက်တော့ ထွက်လာပါပြီ ကျွန်တော့်ရဲ့ချစ်ရသူ ကျွန်တော်ထုတ်ပေးထားတဲ့ဟူဒီအဝါရောင်ကလည်း ကျွန်တော်နဲ့တော့အတော်ပဲဆိုပေမယ့် သူဝတ်ထားတော့လက်တော်တော်ရှည်နေပြီးဘောင်းဘီကိုလည်းရှည်နေလို့ခေါက်တင်ထား၏ ကိုယ့်အကျီကသူနဲ့တော်တော်ကိုကြီးနေတာမလို့ ဝန်းလေးကအကျီထဲမြုပ်နေပြီးကလေးလေးကိုအနှီးနဲ့ထုပ်ထားသလိုဖြစ်နေသည် စိတ်ထဲမှာပြောရတာပါ အပြင်မှာထုတ်ပြောလို့ကတော့ အော်သံစူးစူးလေးကြောင့်နားကွဲလောက်တယ်

"ချစ်စရာလေး"
"ဘာကြီး"

သေလိုက်တော့ပတ်ဂျေး စိတ်ထဲကပဲပြောလိုက်တယ်ထင်နေတာ အပြင်မှာပါ ထုတ်ပြောမိလိုက်ရတယ်လို့ မင်းသူများတွေကိုအော်ငေါက်ထားသမျှတွေတော့ဝဋ်လည်တော့မှာပဲ

Sweet Love [Complete]Hikayelerin yaşadığı yer. Şimdi keşfedin