8

239 20 4
                                    

Unicode

အိမ်ပြန်ရောက်တော့လည်းသူပြောသွားတဲ့စကားတွေကိုပဲပြန်စဥ်းစားနေမိတယ် သူကအတင်းတွယ်ကပ်မိနေသလိုဖြစ်သွားတာပဲ ဆိုပြီးပြောလိုက်တဲ့စကားကိုတော့သူလုံးဝမကြိုက် ဘယ်သူကသူ့ကိုဘာပြောနေလို့လဲ ပြောချင်ရာတွေစွတ်ပြောပြီးတော့ သူများကိုပြန်ပြောခွင့်လေးတောင်မပေးဘူး စကားကိုတိခနဲ ကတ်ကြေးနဲ့ညှပ်လိုက်သလိုဖြတ်ချသွားတာ တကယ်ကိုအမြင်ကတ်ဖို့ကောင်းတယ်

"ယန်းဂျောင်ဝန်း အိပ်ပြီလား"
"မအိပ်သေးဘူး"
"ဘာဖြစ်နေတာလဲ မျက်နှာကလည်းစူပုတ်နေတာပဲ ကြည့်ပါဦး နှုတ်ခမ်းကလည်းတစ်တောင်လောက်ထွက်လို့"

ပြန်ဖြေလာတဲ့အသံကလည်းဆူဆောင့်အောင့်ပြီးတော့ပြန်ဖြေလာတည်းကနေသိလိုက်ရပါပြီ တစ်ယောက်ယောက်ကသူ့မောင်လေးကိုစိတ်တိုအောင်ဆွလိုက်ပြီဆိုတာကိုပေါ့

"အာ မမကလည်း"
"ပြောပါဦး ငါတို့မောင်လေးကိုဘယ်သူကစိတ်ဆိုးအောင်လုပ်လိုက်တာလဲဆိုတာ"
"ဘယ်သူကစိတ်ဆိုးလို့လဲ မဆိုးပါဘူး"
"ယန်းဂျောင်ဝန်း ငါကနင့်အစ်မပါ နင်အကြောင်းကိုမသိစရာလား ပြော ဘယ်သူလဲဆိုတာ ဒီမမကသွားဆူပေးမယ် ဘာလဲ ငါ့မောင်လေးကိုများလာလုပ်နေသေးတယ်"
"ဟားဟား မမကလည်း ဘယ်သူမှဘာမှမလုပ်ပါဘူး"
"အင်း လုပ်ရင်လည်းသက်သာမှာမှမဟုတ်တာ နင့်လက်ချက်နဲ့ရဲစခန်းမရောက်ခင် ဆေးရုံရောက်မှာလေ ဟုတ်တယ်မလား ဟားဟား"
"ကျေးဇူးနော် အရမ်းယုံကြည်တဲ့အတွက်"
"ဒါပေါ့ ဒါပေါ့"
""ဟားဟား""

မတိုင်ပင်ဘဲနဲ့နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးထရယ်ပါလေရော အစတည်းကအတွေးတွေကတောင်တောင်မြောက်မြောက်ဖြစ်ပြီး အတွေးများနေပေမယ့်လည်း သူ့မမကျေးဇူးကြောင့်စိတ်တော့မညစ်ရတော့ပေ ထိုနေ့ညကမောင်နှမနှစ်ယောက်ရယ်စရာတွေပျော်စရာတွေပြောရင်းနဲ့အချိန်ကုန်သွားခဲ့သည် ဘာဆိုဘာမှလည်းစိတ်ထဲမရောက်ခဲ့ပေ အင်း စိတ်ထဲကအမျိုးအမည်မသိတဲ့ခံစားချက်တွေကလွဲရင်ပေါ့

..........................

"ဒီနေ့ CEO မလာဘူးတဲ့"
ရုံရောက်ရောက်ချင်းကြားလိုက်ရတဲ့စကားကြောင့်လူကအားပါလျော့ချင်သွားသည် မလာဘူးတဲ့လားဘာဖြစ်လို့လဲ  နေပါဦး ဘာဆိုင်လို့လဲ သူ့ဘာသာသူမလာတာလေ ယန်းဂျောင်ဝန်းသတိကပ်စမ်း မင်းနဲ့ဘာမှမဆိုင်ဘူး



Sweet Love [Complete]Where stories live. Discover now