6

224 19 0
                                    

Unicode

"တွေ့ရတာဝမ်းသာပါတယ်ကျွန်မနာမည်ကယူဂျီဝန်းပါ"

{ ယူဂျီဝန်းက Y/N နော် Y/N လို့မရေးချင်လို့နာမည်တစ်ခုထည့်လိုက်တာပါ အဆင်မပြေဘူးဆိုရင်လည်းပြန်ပြောလို့ရပါတယ် }

"တကယ်ပဲရည်းစားရသွားတာဟ"
"ငါကနောက်နေတယ်ထင်လို့လား"
"မသိပါဘူး ဟီဆွန်းဟျောင်းက ကျွန်တော်တို့ကိုဂျင်းများထည့်သွားတာလားလို့"
"ဂျယ်ယွန်း မင်းကလည်း"
"စတာပါဟျောင်းကလည်း ဂျောင်ဝန်းမင်းဘာလို့ငြိမ်သွားရတာလဲ စောနကပဲပွစိပွစိပြောနေပြီးတော့"

အစတည်းကတော့မရောက်လာသေးလို့ဆိုပြီး
ပွစိပွစိလုပ်နေတာသူမဟုတ်တဲ့အတိုင်း အခုလည်းကျတော့ငြိမ်နေလိုက်တာများ သူဘာတွေစဥ်းစားနေလဲဆိုတာကတော့သူပဲသိလိမ့်မယ်

"ယူဂျီဝန်း ယူဂျီဝန်း"
"ဘာဖြစ်တာလဲ ဂျောင်ဝန်း"
"ယူဂျီဝန်း အာ!!! သိပြီ"
"မင်းဘာလို့ထအော်ရတာလဲ နားကိုအူသွားတာပဲ"

ကျန်တဲ့သူတွေတော့မပြောတတ်ဘူး
ယန်းဂျောင်ဝန်းတစ်ယောက်ထအော်တာ သူ့ဘေးမှာထိုင်နေတဲ့ကျွန်တော်ကတော့နားတွေကိုအူသွားတာပဲ အကောင်သေးသလောက်အသံကကျယ်လိုက်တာ ဂျေးလည်းဂျောင်ဝန်းဘေးမှာထိုင်နေတာဆိုပေမဲ့ အဲ့တစ်ယောက်ကဟိုကသူ့ကိုသတ်သွားရင်တောင်ငြိမ်နေမယ့်ကောင်မလို့ပြောမနေတော့ဘူး

"ဆောရီး ဆောင်ဟွန်းဟျောင်း ယူဂျီဝန်းနင့်ကိုငါမှတ်မိပြီ အဲ့တာကြောင့်ထင်တော့ထင်သားပဲ နင့်ကိုငါမြင်ဖူးပါတယ်လို့စဥ်းစားနေတာ"
"ဟင် ဘာကိုလဲ ငါတို့သိလို့လား"
"ယုန်စုတ်မ"
"ဘာကိုယုန်စုတ်လဲ"
"မဟုတ်လို့လား ယုန်မလေး"
"ဘယ်ကနေဘယ်လိုယုန်လဲ တကယ်ပါပဲ"
"မင်းတို့ကသိနေတာလား"
"မသိပါဘူး ကိုကလည်း"
"မဟုတ်ဘူးလားကိုယ်ကမင်းတို့သိတယ်ထင်လို့ပါ"
"မသိပါဘူး"
"နင်တကယ်ငါ့ကိုမမှတ်မိတာလား ယူဂျီဝန်း"
"အင်း ဘယ်သူလဲ"
"ယန်းဂျောင်ဝန်း ဂင်ဆောနူ ယူဂျီဝန်း ခွဲမရတဲ့သူတွေလေ တစ်ယောက်နာမည်ကြားတာနဲ့ကျန်တဲ့နှစ်ယောက်ကိုပါတွဲမြင်တဲ့အထိလေ"
"ဟင် အဲ့တာကိုဘယ်လိုသိတာလဲ"
"စဥ်းစားကြည့်လေဟာ အဲ့လောက်ပြောနေတာကိုတကယ်ပဲ"
"ဟင် ခဏနေဦး နင့်နာမည်က ဘာ"
"မသိဘူးလေစဥ်းစားကြည့်ပေါ့"
"သူ့နာမည်ကဂျောင်ဝန်းလေ"
"အာ ဟီဆွန်းဟျောင်းတကယ်ပါပဲ ဘယ်လိုဖြစ်နေတာလဲ"
"ဂျောင်ဝန်း ယန်းဂျောင်ဝန်းလား"
"ငါ့ကိုမှတ်မိသေးတယ်ပေါ့ မှတ်မိဖော်ရသေးသားပဲ"
"မှတ်မိတာပေါ့ဟ မမှတ်မိစရာလား ရုတ်တရက်ဆိုတော့ငါလည်း"
"မသိပါဘူး ငါကနင်အတိတ်တွေဘာတွေများမေ့သွားတာလားလို့"
"ဟဲဟဲ ဂျောင်ဝန်းနား ငါနင့်ကိုသတိရနေတာ"

Sweet Love [Complete]Where stories live. Discover now