Part - 7 (Unicode)

2.3K 199 3
                                    


တိုက်ခတ်နေတဲ့ လေညှင်းသွဲ့သွဲ့။ မီးရောင်စုံတွေနဲ့ လှပနေတဲ့ မြို့ရဲ့ ညဘက်အလှ။ ဂစ်တာတစ်လက်ကိုင်ကာ ထိုင်နေတဲ့ ကောင်လေးရဲ့ ဆံစတို့က လေအဝေ့မှာ တစ်ချက်တစ်ချက် လှုပ်ခတ်သွားပုံမှာ ကဗျာဆန်လှသည်။ ဂစ်တာတီးတတ်တဲ့ ယောကျာ်းတစ်ယောက် ဂစ်တာကိုင်ထားချိန်ဟာ ဤမျှအထိ ကြည့်ကောင်းပါသလား။

"မောင် အိပ်လို့မရဘူးလား ဒီနားလာထိုင်လေ"

မနက်ဖြန်ညတွင် စက်ဝိုင်းရဲ့ ပွဲဦးထွက်မို့
အိပ်ရာထဲ အတွေးများကာ အိပ်မပျော်ပေ။ လေညှင်းထွက်ခံချင်စိတ်ကြောင့် ဝရံတာဘက်အလာ ဂစ်တာသံသဲ့သဲ့နဲ့အတူ ဘေးတိုက်မြင်ရသော သဏ္ဍာန်လေးတစ်ခုကြောင့် ရပ်ငေးနေမိတာ အသံသေးသေးလေးထွက်လာမှ အသိပြန်ဝင်လာရသည်။ ရပ်ငေးနေတဲ့ စက်ဝိုင်းကို ပန်တျာက သူ့အရှေ့မှာ လာထိုင်ရန် ပြောနေခြင်းပင်။

စက်ဝိုင်း ခေါင်းညိတ်ပြပြီး ပန်တျာနဲ့ မျက်နှာချင်းဆိုင် နေရာလွတ်မှာ ဝင်ထိုင်လိုက်သည်။ ကိုယ်ဝန်း၊ ကိုယ့်ခြံနဲ့ အိမ်တွေလို ဝရံတာ အကျယ်ကြီး မဟုတ်သော်လည်း နှစ်ယောက်စာတော့ လုံလုံလောက်လောက် နေရာရှိသည်။ စက်ဝိုင်းတို့ နှစ်ယောက်ရဲ့ အခြေအနေက ပန်တျာ့ရဲ့ ပထမဆုံးရိုက်ကူးရေးမှ ပြန်လာကတည်းက အတော်ရင်းနှီးနေပြီဖြစ်တဲ့ အဆင့်လို့ ပြောရမည်။

"ဂစ်တာတီးနေတာလား ပန်တျာ"

"အွန်း အိပ်မရလို့လေ မောင်ကရော မနက်ဖြန်အတွက် ရင်ခုန်နေတာလား"

အဖြူအနက် opposite ညအိပ်ဝတ်စုံနဲ့
ဆံပင်တွေကို သေချာဖြီးသင်ထားခြင်း မရှိဘဲ ကပိုကရိုပုံစံနဲ့တောင် ပန်တျာကအတော်ကြည့်ကောင်းသည်။ ချစ်တဲ့မျက်စိနဲ့ပဲ ကြည့်လို့လား မသိ။ ပန်တျာနဲ့ ပတ်သက်သမျှ အရာရာက စက်ဝိုင်းရဲ့ အမြင်တွေထဲ သဘောကျစရာတွေပင်။

"ရင်ခုန်တယ်လည်းမဟုတ်ပါဘူး
ပွဲဦးထွက်ဆိုတဲ့ စိတ်က ဘယ်လိုပြောရမလဲ မသိဘူး"

"ဖိအားအနည်းငယ်ရှိချင်တယ်ပေါ့ အဲ့လိုလား"

"အွန်း အဲ့လိုပြောလို့ရလောက်တယ်"

"စိတ်ကို ဖိအားမပေးနဲ့လေ မောင် ပေါ့ပေါ့ပါးပါးပဲနေ။ ပေါ့ပေါ့ပါးပါးဆိုတာ ပွဲကို ကပျက်ကချော် လုပ်ခိုင်းတာမျိုး
မဟုတ်ဘူးနော်။ ဥပမာ မောင်တို့ လက်ဝှေ့ပညာသင်ရင် Training ဆင်းကြရတယ်မလား။ အဲ့လိုမျိုးပဲ သဘောထားကြည့် Trainingဆင်းတဲ့အခါ ကိုယ့်ကို အကဲဖြတ်တဲ့ ဆရာရဲ့ ဝေဖန်ချက်ကို တစ်ရက်ထက်တစ်ရက် ပိုကောင်းမွန်စေချင်လို့ ကြိုးစားကြတယ်လေ။ မနက်ဖြန်ပွဲကြရင်လည်း အဲ့လိုပဲ ပွဲဆိုတာကြီးကို စိတ်ထဲမထည့်ဘဲ စိတ်အေးအေးထားပြီး ဖြည်းဖြည်း မှန်မှန် ကြိုးစားကြည့်။ စိတ်လောလို့ ဘာမှကောင်းတာ မရှိဘူးလေ။ ​မောင်လုပ်နိုင်မယ်လို့ ငါယုံတယ်"

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now