Part - 11 (Unicode)

2K 165 8
                                    


"ကန်"

"ထိုး"

ထိုးတစ်လှည့် ကန်တစ်လှည့်နှင့် ပြုလုပ်နေသည်က ခါတိုင်းလေ့ကျင့်ရသလို သဲအိတ်မဟုတ်။ နည်းပြ၏ လက်အိတ်စွပ်ထားသောလက်ပင်။

"Circleက ကြိုးဝိုင်းလောကထဲ ဝင်ခဲ့တာ
ဘာကြောင့်လို့ထင်လဲ"

ကြိုးဝိုင်းထဲတွင် တလောကမှ ငှါးထားသည့် နိုင်ငံ့ကစားသမားဟောင်းနည်းပြအသစ်နှင့် အပြင်းအထန်လေ့ကျင့်နေရသည့် မောင့်ကို ကြည့်ရင်း နည်းပြ ကိုထက်နိုင်အောင်က မေးလာသည်။ သည်နေ့ပိတ်ရက်ပေမဲ့ ဂေဟာကို မပြန်ဖြစ်ဘဲ မောင့်နောက် လိုက်လာဖြစ်ခြင်းပင်။

"ဝါသနာကြောင့်မဟုတ်ဘူးလား"

ပန်တျာ နားမလည်သလိုပြန်မေးတော့ ကိုထက်နိုင်က ခပ်ဖွဖွပြုံးသည်။

"တစ်စုံတစ်ယောက်ကို ကာကွယ်ပေးချင်လို့တဲ့။ ပြီးတော့ လက်ဝှေ့သမားဖြစ်ချင်တဲ့သူရဲ့ဆန္ဒကို သူက ဖြည့်ဆည်းပေးတာတဲ့လေ"

ပန်တျာ့ရဲ့ အံ့သြရိပ်သန်းနေတဲ့ မျက်နှာကိုကြည့်ကာ ကိုထက်နိုင်အောင်က ထပ်၍ ပြုံးပြန်သည်။ ပန်တျာလည်း အရင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ လက်ဝှေ့သမားဖြစ်ချင်ခဲ့တာပဲဆိုတဲ့အကြောင်းကို  မဆီမဆိုင် တွေးဖြစ်သွားသေးသည်။ ဒါပေမဲ့ မောင်က ကြိုးဝိုင်းလောကထဲဝင်ခဲ့ခြင်းသည် ပန်တျာ့ကြောင့်ဆိုတာ မဖြစ်နိုင်ပေ။ ထိုအချိန်က မောင်နဲ့ ပန်တျာပင် တွေ့ဖူးသေးတာ မဟုတ်ချေ။

"တစ်နေ့ကျ ပြောပြပါလိမ့်မယ်။ တအားတွေမတွေးပါနဲ့။ ဟိုမှာ ပြီးသွားပြီထင်တယ်။ ဂရုစိုက်လိုက်ဦး"

ကိုထက်နိုင်အောင်သည် ပြောပြောဆိုဆိုနဲ့ ကြိုးတန်းကို မ ကာ ထွက်လာတဲ့ မောင့်ကိုမေးငေါ့ပြကာ ထွ၏။ အပြင်းအထန် လေ့ကျင့်ထားရတာမို့ ခန္ဓာကိုယ်ပေါ်တွင် ချွေးသီး၊ ချွေးပေါက်များဖြင့် စိုရွှဲနေသည်။

"မောင် ရေသောက်ဦး။ ကြွက်သားတွေ နာနေရော့ပေါ့ ။ ညကျ ပလာစတာ ကပ်ပေးမယ်"

စက်ဝိုင်းကို ရေဗူးလှမ်းပေးကာ ချွေးသုတ်ပေးနေတဲ့ ဆရာဝန်ပေါက်စကို ဆံပင်တွေဖွမိပြန်သည်။ အသက်ဘယ်လောက်ကြီးလာလာ သည်လူသားက ပွင့်ကာစ ပန်းလေးတစ်ပွင့်လို နုနယ်နေသည်။ ပန်းပွင့်လေးတစ်ပွင့်လို အလှထိုင်ကြည့်ချင်စရာလည်းကောင်းလှသည်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now