Part - 17 (Unicode)

2.1K 172 3
                                    


အိမ်ရှင်မတစ်ယောက်မရှိတဲ့ အိမ်သည်
ဖရိုဖရဲဆန်သည် မဟုတ်သော်လည်း အနည်းငယ်လစ်ဟင်းမှု့တွေ ရှိပေသည်။

ကလေးငယ်တစ်ယောက် လှေကားပေါ်မှ တစ်ထစ်ချင်းဆင်းလာသည်။ လေးတန်းတက်ရမဲ့ ကျောင်းသားသည် အများအမြင်မှာ ငယ်သေးသည်ဆိုသော်လည်း
လူကြီး​လေးလို တည်ငြိမ်ခြင်းကိုတော့ တွေ့တဲ့သူတိုင်း လက်ခံရလိမ့်မည်။

Circle Groupရဲ့ တစ်ဦးတည်းသော သားလေးမှာ ကလေးဆိုသော်လည်း ဂျစ်တိုက်နေခြင်းမရှိသလို မောက်မာရိုင်းစိုင်းကာဆိုးဝါးနေခြင်း မရှိ။ ကလေးက ဗီဇကောင်းလေးနဲ့ မွေးဖွားလာသူပင်။

"ကြီးမေ ဦးမင်းက တကယ်ပဲ မိန်းမယူတော့မှာတဲ့လား"

လှေကားမှအဆင်း ဘယ်ဘက်တွင် ရှိသည့် အခန်းသည် ထမင်းစားခန်းဖြစ်၏။ ခိုးနားထောင်တာ မဟုတ်သော်လည်း အဖေနဲ့ သက်ဆိုင်သည့် အကြောင်းအရာမို့ ကြီးမေဆီက အဖြေကို တံခါးအကွယ်မှာ ရပ်၍ စက်ဝိုင်း နားထောင်လိုက်မိသည်။

"ပြောတာပဲလေ။ စက်ဝိုင်းလေးက ငယ်သေးတယ်မို့လား အနီးကပ် စောင့်ရှောက်ပေးမဲ့ မိန်းမတစ်ဦးလိုတာပေါ့။ သူ့သားသဘောထားကို မေးဦးမယ် ပြောတာပဲ"

"ဘယ်သူနဲ့တဲ့လဲ"

အဖေက သူ့အပေါ်အလေးထားသည်လို့ စိတ်ထဲတွေးမိတော့ ပြုံးပြီး ခြံထဲဆင်းမည်ပြင်ပြီးမှ ကောင်မလေးရဲ့ အမေးကိုစိတ်ဝင်စားသွာရသည်ကြောင့် ပြန်ဖြေလာမဲ့ အဖြေကို ဆက်နားထောင်မိသည်။

"ကျုပ်တော့ အဲ့အမျိုးသမီးကို သိပ်သဘောမကျပါဘူးတော်။ ရပ်ကွက်အရှေ့ပိုင်းက မောင်နှမချင်းညားတဲ့ အိမ်က
ကောင်မလေးတဲ့။ အဲ့အိမ်မှာသူနေသလားမနေသလားမသိပေမဲ့ သူမွေးထားတဲ့ကလေးရှိတယ်လေ။ အိမ်ကိုလိုက်လာလို့ကျုပ်သားလေး စက်ဝိုင်းကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲတော်"

အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသည့် ကြီးမေ၏ စကားသံသည် ထမင်းစားခန်းကို လွန်၍ အပြင်ဘက်ထိ လွင့်ပျံလာသည်။ တံခါးအကွယ်မှာ ရပ်နေရ၍ ထင်ထင်ရှားရှား မမြင်ရသည့် ကြီးမေ၏ မျက်နှာထက်တွင် အလိုမကျမှု့ တချို့ကို မြင်တွေ့ဖြစ်အောင် မြင်တွေ့လိုက်ရသည်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now