Part - 8 (Unicode)

2.3K 204 2
                                    


လူအချို့ ခြံရံလို့ ကြိုးဝိုင်ဆီ လျှောက်လှမ်းလာတဲ့ ကစားသမားနှစ်ဦးကို ရုံအတွင်းရှိ ပွဲကြည့်ပရိတ်သတ်များက လက်ခုပ်သြဘာတီး၍ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ကြိုးဝိုင်းရဲ့ ထောင့်အသီးသီးမှာ နေရာယူလို့ တစ်ဖက်နဲ့ တစ်ဖက် ကြည့်နေကြပုံက အခုပဲ ထသတ်ဖြတ်တော့မည့်နှယ်။ လက်ဝှေ့ပွဲတစ်ခုရယ်လို့ တရားဝင်ကျင်းပကြရင် ကစားသမားနှစ်ယောက်တင်မက နည်းပြတွေကပါ သူ့တပည့်၊ ငါ့တပည့်၊ သူ့လူ၊ ငါ့လူဆိုပြီး အစွဲလေးတွေနဲ့ ဂုဏ်မောက်ချင်ကြသည်။ မော်ကြွားချင်ကြသည်။

ကြွက်သားတွေကို ဖြေလျှော့နေရင်း ဆူဆူညံညံ လူအုပ်ကြားမှ ကိုယ့်ပြိုင်ဘက်ကို တစ်ချက်ကြည့်လိုက်မိသည်။ ဒီပွဲကို စတင် စိန်ခေါ်ထားသူသည် Sunဖြစ်၏။

"နေလမင်းထွန်း"

အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်သည်။ အထက်တန်းကျောင်းကို တစ်ကျောင်းတည်း တက်ခဲ့ကြပြီး၊ ပြည်ပမှာပါ ကိုယ်ခံပညာ အတူသင်ခဲ့ကြသူတွေလို့ မထင်ရအောင် နှစ်ယောက်ရဲ့ အခြေအနေက တင်းမာခက်ထန်နေသည်။

နေလမင်းထွန်းက စက်ဝိုင်းနဲ့ ယှဥ်ရင် သူ့ကိုယ်သူ အမြဲ နောက်ကောက်ကျတယ်ဟု ခံစားရသည်။ စက်ဝိုင်းကတော့ အတွေးမတူ။ ဘဝပေးအခြေအနေ ကွဲပြားရုံကလွဲပြီး နေလမင်းထွန်းအပေါ် မတရားတာ မလုပ်ခဲ့ဖူးတာမို့ နေလမင်းထွန်းရဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး သူ့မှာ တာဝန်မရှိဘူးလို့ ခံယူထားသည်။ ငယ်စဥ်ကတည်းက အတူရှိခဲ့ပါရဲ့နဲ့ အတွေး၊ အမြင်၊ ခံယူချက်တွေ မတူ ကွဲပြားတာက စ,လို့ သူတို့ သူငယ်ချင်း မဖြစ်နိုင်ခဲ့ကြတာပင်။

ယခုတော့ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်အနေနဲ့ ထပ်တွေ့ကြပြန်ပြီ။

အဖေများ လာလိုလာညား ပွဲအတွင်းသို့ တစ်ချက် လှမ်းကြည့်လိုက်မိပေမဲ့ အဖေ့အစား နေလမင်းထွန်းရဲ့ ဖခင်ကိုသာ (စက်ဝိုင်း အဖေရဲ့ အတွင်းရေးမှူး) တွေ့ရသည်။ 'ကိုယ့်သားတစ်ယောက်လုံး ထိခိုက်နာကျင်ရမဲ့ ပွဲကို သူ ဘယ်လိုစိတ်နဲ့ လာရမလဲ။ သူသေလိမ့်မယ်'လို့ ပြောခဲ့တဲ့ အဖေက ပွဲမစခင် ဖုန်းဆက်ခဲ့တာကလွဲလို့ တကယ်ပင် မလာခဲ့ချေ။ သို့ပေမဲ့ တစ်နေရာရာကနေ ကြည့်ရင်ကြည့် မကြည့်လည်း သတင်းတော့ နားစွင့်နေမယ်ဆိုတာ အတပ်သိသည်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now