Part - 9 (Unicode)

2.2K 189 0
                                    

ပန်တျာတို့ပင် YGHမှ ဗဟိုအမျိုးသမီးဆေးရုံ OG Wardသို့ ပြောင်းကာ အလုပ်သင် ဆင်းနေရပြီ။ 'အဖေ ကျန်မာရေး မကောင်းဘူး'ဟု ဆိုကာ အိမ်ပြန်သွားတဲ့ စွမ်းထက်အောင်က လအတော်ကြာသည်အထိ ပန်တျာတို့နှင့် အတူနေရာ တိုက်ခန်းသို့ ပြန်မလာခဲ့ပေ။ တစ်ခါတစ်ရံ လိုအပ်တာရှိလျှင် လာယူတတ်ပေမဲ့ ဆေးရုံကို ယူလာဖို့ ပန်တျာနဲ့သာ မှာတတ်တာ များသည်။ အိမ်ကိုလာလျှင်လည်း ခဏတာပဲ နေ၏။

ပန်တျာတို့နေတဲ့ တိုက်ခန်းသည် ဗဟိုအမျိုးသမီးဆေးရုံနှင့် အနည်းငယ်လှမ်းသည်။အရင်YGHမှာတုန်းက ဂျူတီတူတဲ့ ရက်ဆို စွမ်းထက်အောင် ကားနဲ့ လိုက်တတ်ပြီး မတူရင်လည်း ကိုယ့်ဘာသာ လမ်းလျှောက်သွားတတ်ပေမဲ့ ယခု စွမ်းထက်အောင် မရှိတော့ မောင်က လိုက်ပို့ပေးနေ၏။ လိုက်မပို့ပါနဲ့ ပြောလည်း မရ။

"ပန်တျာ ဒီမှာ ဆရာသန့်က မွေးနေ့မို့ မုန့်တွေ ထားပေးခဲ့တာ ယူသွားဦး"

ပြန်တော့မဲ့ ပန်တျာ့ကို အစ်မတစ်ယောက်က မုန့်ယူဖို့ လှမ်းပြောလာသည်။

"အမယ် လူပျိုကြီးက မွေးနေ့ကို ထူးထူးဆန်းဆန်း မုန့်တွေ ကျွေးလို့ပါလား။ ခါတိုင်းနှစ် မကျွေးပါဘူး။ House Surgeonထဲ အကြိုက်ကလေး တွေ့နေပြီလား မသိဘူး။"

"ဟဲ့ လျှောက်ပြောနေတယ်။ ဆရာကြားသွားမှ..."

အမျိုးသမီးအများဆုံး တာဝန်ထမ်းနေတဲ့ Wardမှာ အမျိုးသားဆရာဝန်ဆိုလို့ ရှားရှားပါးပါး ဆရာသန့်ဇော်သာရှိတာမို့ ဆရာလူပျိုကြီးကို ဝိုင်းစနောက်တတ်ကြတာ ထုံးစံလိုဖြစ်နေသည်။ ပေးတဲ့ မုန့်ကို ယူပြီး အစ်မတွေကို နှုတ်ဆက်ကာ အပြင်ဘက်သို့ ထွက်လာတော့ လာကြိုတဲ့ ကားက ရောက်နေပြီ။

မှောင်ရီပျိုးစအချိန် လေထုကို တစ်ချက် ရှိုက်သွင်းလိုက်မိသည်။ OG Wardမှာ postingကျပြီးကတည်းက ကလေးမွေးကူရ၊ ကလေးကူချော့ရနဲ့ ပန်တျာရဲ့ မိသားစုလေးဖြစ်သည့် ဂေဟာကို လွမ်းနေမိ၏။ ဒီနေ့တော့ ဂေဟာသို့ ပြန်မည်ဟု တေးထားလိုက်သည်။

"ဒီနေ့ ဂေဟာပြန်မလို့"

မောင်က ပန်တျာ့အား အံ့အားသင့်သလို ပြန်ကြည်လာသည်။ သူ့အကြည့်တွေထဲတွင် စိုးရိမ်စိတ်တွေ ကပ်ပါနေသည်ဟု ပန်တျာ ထင်နေမိပြန်သည်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now