part-3

1.6K 158 16
                                    

Unicode

ဝမ်အိမ်တော် ဧည့်ခန်းထဲရှိ လေထုမှာ အမှန်ပင် အေးစက်သိပ်သည်းနေ၏။

ရှောင်းသခင်မကြီးသည်လည်း သူမ၏ မူလ ရည်ရွယ်ချက် မပြည့်ဝမချင်း ရပ်နားမည် မဟုတ်သလို  သားမက်ဖြစ်သူ ဝမ်ရိပေါ်မှာလဲ   
အနှီ နောက်အိမ်ထောင်ပြုမည့်ကိစ္စအား လက်ခံမည် မဟုတ်ပါပေ။

အကြည့်ချင်းစစ်ခင်းနေသည့်  မိခင်နှင့်ထိုလူ့ကိုကြည့်ပြီး ရှောင်းကျန့်၏ မျက်နှာကြီးမှာ မဲမှောင်လာချေပြီ။ဖခင်ဖြစ်သူ ရှောင်းသခင်ကြီးမှာလည်း ဤသားမက်နှင့်ယောက္ခမတို့၏ မာနပြိုင်နေမှှုအား သက်ပြင်းကြိတ်ချရုံမှတစ်ပါး မရှိတော့ပြီ။

အဆိုပါ  နေရခက်လှသော လေထုကြီးသည် အိမ်တော်စင်ဝင်အောက်သို့  ရပ်ဆိုင်းလာသည့် ကားတစ်စီးကြောင့် တစ်မဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။

ဘာမှနားမလည် မသိတတ်သေးသော 4နှစ်အရွယ် ကလေးကိုတော့ ရိပေါ်  ဤ  ကိစ္စအရှှုပ်အထွေးများအား မသိစေချင်ပါပေ။ထို့ကြောင့် ရိပေါ် မျက်နှာပေါ်အား အပြုံးနုနုကလေး တင်လိုက်ကာ  ဧည့်ခန်းထဲ ပြေးဝင်လာသည့် လုံးတုတ်ပုစိ ကလေးအား အရှေ့မှနေ စီး ဖမ်းလိုက်တော့သည်။

ထို့နောက် ကလေးအဆီတွေနှင့် ပြည့်ဖောင်းနေသည့် ပါးနှစ်ဖက်အား နမ်းလိုက်ကာ  ပြုံးပြ၍……

"ဒီနေ့ ဆရာမပေးတဲ့ စာ တွေ အကုန်ရရဲ့လား ရှောင်ဝမ်(SeanWang)!"

"ဟုတ်ကဲ့ပါးပါး  ဆရာမကပြောတာ ရှောင်ဝမ်က အတန်းထဲမှာ အတော်ဆုံးပဲတဲ့!!"

ပေါင်ပေါင်းကလေးသည်  ကိုယ့်ကိုယ်ကို လွန်စွာ ယုံကြည်နေဟန်ဖြင့်  ညာဖက်လက်သီးစုတ်ကလေးအား ထောင်လို့ ပြောလာဟန်သည်  လူကြီးများ၏ မျက်ဝန်းထဲတွင် ချစ်စနိုးရိပ်များအား ပျံ့လွင့်သွားစေ၏။

ရှောင်းသခင်မကြီးသည် သူမမြေး၏ ထိုချစ်စရာဟန်ပန်လေးအား အလွန် သဘောကျစွာဖြင့်  သားမက်လုပ်သူ ချီပွေ့ထားသည့် မြေးလေးအား လက်လွှဲ၍ထိန်းပွေ့လိုက်ကာ ပါးဖောင်းဖောင်းကလေးများအား နမ်းရှိုက်လိုက်ပါတော့သည်။

ရှောင်းကျန့်နှင့် ရှောင်းသခင်ကြီးမှာလည်းပြုံးမိသွားကြတော့သည်။ရှောင်ဝမ်သည် Seanနှင့် အလွန်ပင်ဆင်တူလှ၏။သို့ကြောင့်လည်း ရှောင်းသခင်မကြီးက အလွန်ပင် သည်းသည်းလှှုပ်နေရခြင်းပင်ဖြစ်သည်။

Second LoveWhere stories live. Discover now