part-4

1.6K 162 25
                                    

Unicode

သားသားအိပ်ပျော်သွားပြီဆိုတာ သေချာတော့မှ ရိပေါ်မှာ အခန်း၏ထောင့်လေးတွင် ဒူးတုပ် ထိုင်ချကာ Sean၏ ဓာတ်ပုံကလေးအား ပိုက်ကာ အသံတိတ်ငိုကြွေးနေမိသည်။

flash back...

ရှောင်းသခင်မကြီးသည် သားသားအား ပွေ့လျှက်နှင့်ပင် မက်တပ်ထရပ်ကာ......

"ကဲ... ဖွားမြေးလေးနဲ့ လဲ အလွမ်းပြေပြီဆိုတော့ ဖွားဖွား ပြန်တော့မယ်နော်.........ဒီမှာ ဝမ်ရိပေါ်...မင်းကို ငါ တစ်ခုပြောမယ်...မင်းဘာသာ ကလေးတစ်ယောက်နဲ့ မုဆိုးဘို ဘဝကို ပျော်မွေ့ချင် ပျော်မွေ့နေနိုင်ပေမယ့်
ဖခင်မဲ့နေတဲ့ ငါ့မြေးလေးအတွက်ကော မင်းက ထည့်မစဉ်းစားတော့ဘူးလား......"

"ဒါ ဒါပေမယ့်!"

ရှောင်းသခင်မကြီးသည် ရိပေါ်၏ စကားအား ဆုံးအောင် နားမထောင်ဘဲ လက်ကာ ပြ လိုက်ကာ

"ဘာကို ဒါပေမယ့်ဦးမှာလဲ ဝမ်ရိပေါ်...သားက ဒါတွေ မစဉ်းစားမတွေးတတ်သေးပါဘူး...သားက ငယ်ပါသေးတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးတော့ ငါ့ကို လာ မပေးနဲ့!......မင်းတွေးမိဖူးလား ဝမ်ရိပေါ်...တစ်နေ့မှာ ငါ့မြေးလေးက သူ့ ဒယ်ဒီ အကြောင်း သိသွားခဲ့ရင် ဘယ်လောက်စိတ်အားငယ်မလဲဆိုတာလေ...အခုတော့ ငယ်သေးလို့ ဘာမှ မတွေးတတ်မစဉ်းစားတတ်သေးလို့ဆိုပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်ကျ သူ သိတတ်လာတဲ့အခါဆိုရင်တော့ အနည်းနဲ့အများ အားငယ်မိမှာပဲ.........ပြီးတော့ ငါကတော့ ငါ့မြေးရဲ့ အနာဂါတ်မှာ ဖခင်မဲ့နေတဲ့ အဖြစ်မျိုးအဖြစ်မခံနိုင်ဘူး!...ဒါကြောင့် ဒီမင်္ဂလာပွဲကို မင်း လက်ခံဖို့ကလွဲ တစ်ခြား မရှိဘူးဆိုတာ မင်း စွဲစွဲမြဲမြဲမှတ်ထား ဝမ်ရိပေါ်... မနက်ဖြန်နံနက်ခင်းကျရင် သားငယ်နဲ့ မင်္ဂလာဝတ်စုံ ရွေးဖို့ လိုက်သွားလိုက်!..."

ရိပေါ်မှာတော့ ရှောင်းသခင်မကြီးပြောသွားသည်များမှာ မှန်နေတာမို့ လက်သီးကိုကျစ်ကျစ်စုတ်ကာ ခေါင်းငိုက်စိုက်လို့ ငြိမ်သက်နေမိ၏။

ရှောင်းသခင်မကြီးသည် ပြောစရာရှိသည်များအား ပြောပြီးသောအခါ သားသားပါးအား တစ်ချက်နမ်းကာ ရှေ့ဆုံးကနေ ထွက်သွား၏။ထို့နောက်မှ ရှောင်းသခင်ကြီးသည်လည်း ခေါင်းရမ်းကာ သက်ပြင်းချလို့ လိုက်သွား၏။

Second LoveDär berättelser lever. Upptäck nu