part-18

1.6K 165 23
                                    

Unicode!!


တစ်ဇွတ်ထိုးကောင်နှင့် ဖုန်းပြော အပြီး ရိပေါ် စူပုတ်ပုတ်ကလေးဖြင့် ရုံးခန်းထဲ ဝင်သွားလျှင် အထဲတွင် ရယ်မော နေကြသော အားခယ်နှင့် ဦးလေးရွှမ်း တို့ ၅ ဦးက ရိပေါ်ကို ပြိုင်တူ ကြည့်လာကြကာ…

"အိမ်ထောင်ဦးစီးလေးက ဘာများ အမှာတော် ရှိလိုက်ပါလိမ့်ကွာ!"

ပြုံးစစဖြင့် ဦးလေးဝမ်၏ အပြောသည်  ရိပေါ် အား ပြူးတူးပြဲတဲ ဖြစ်သွားစေ၏။ရိပေါ်  မခို့တရို့လေး ပြုံးလိုက်ကာ

"ဟို   အလုပ် အပ် တဲ့သူပါ…ဦးလေးတို့ ထင်သလို မဟုတ်ပါဘူး!"

ရိပေါ်၏ အပြောကို  အားလုံးက  သြ  သြ ဟုသာ ပြော၍ ပြုံးစိစိကြီးတွေ လုပ်နေကြလျှင် ရိပေါ် ရှက်လာရသည်။ရိပေါ် လည်ဂုတ် ဖွေးဖွေးလေးအား  ဘယ်ဖက် လက်ဖဝါးလေးဖြင့် မီးပွင့်မတက် ဖိပွတ်လိုက်မိကာ  အသံတွေပါ တုန်ယင် လာမိသည်က  ရှက်လွန်း၍……

ဒီ လူတွေ  ငါ့ကို ဖုန်းဆက်တာ ငါ့ယောက်ျားမှန်း ဘယ်လို သိသွားကြပါလိမ့်…ငါတောင် သူမှန်း မသိတာ သူတို့ကတော့ အစကတည်းက သိနေသေးတယ်…နေပါဦး ငါ အခု ဟို လူဆိုးကောင်ကို ငါ့ယောက်ျားလို့ တွေးလိုက်မိတာလား!……အာ   ဝမ်ရိပေါ်ရေ  ရှက်စရာကောင်းလိုက်တာကွ!……

"ဟို   ဟို  အရေးကြီး ကိစ္စရှိလို့  ရိပေါ် သွားလိုက်ဦးမယ်…အားခယ်က  လိုတာလေးတွေ  ပြောပေးဖို့ ဒီမှာ နေခဲ့ပါလိမ့်မယ်……သွားလိုက်ပါဦးမယ်ဗျ!"

ရိပေါ်မှာ  မျက်နှာ ပူပူဖြင့်ပင် ရုံးခန်းထဲက မပြေးရုံတမယ် ခပ်သုတ်သုတ်ကလေး ထွက်သွားတော့သည်။ချောင်ထိုး ခံရလို့  ပြိုတော့မယ့် မိုးလို ဖြစ်နေသည့် အားခယ်အားလဲ ရိေပၚ  အားနာမိသော်လည်း  တစ်ဇွတ်ထိုး သမား လူဆိုးကောင် ရှောင်းကျန့် ကိုလည်း လန့်ရသေး၏။

အခန်းထဲကနေ မပြေးရုံတမယ်  ထွက်သွားသည့် ရိပေါ်ကြောင့်  အားလုံး ရယ်လိုက်မိကြသည်။

"သူ့ ခင်ပွန်း ဖုန်းဆက်တာမှန်း  ခင်ဗျားဘယ်လို သိတာလဲ အဖိုးကြီး ဝမ်!"

"အိုက်ယား……ဒီလောက်  နီနီရဲနေအောင် ရှက်တက်တက် မျက်နှာနဲ့ နှုတ်ခမ်းကလဲ စူပုတ်နေသေးတာ  သေချာပေါက် တစ်ယောက်သောသူ ကြောင့်ပဲပေါ့…"

Second LoveWhere stories live. Discover now