part-6

1.4K 151 21
                                    

Unicode

ရိပေါ်  ခြေကို တဆောင့်ဆောင့်နင်းကာ သူ့ကားပေါ်တက်၍ ကားတံခါးကိုပါ အကြမ်းပတမ်း ပိတ်ပစ်၏။ထိုအခါ  သူသည် ရယ်ချင်ပက်ကျိ မျက်နှာနှင့် မေးလာ၏။

"ဘာဖြစ်တာလဲ အဲ့မျက်နှာပေးလေးက!"

"မဖြစ်ဘူး"

"အင်း စောစောက လုပ်တာကောင်းတယ်"

ရိပေါ် သူဘာကိုပြောမှန်း နားမရှင်း၍ သူ့မျက်နှာဘက်ကို လှည့်၍ မျက်မှောင်လေးကုတ်ကာ ကြည့်လိုက်၏။

"မင်း ဘာကို ပြောနေတာလဲ"

ထိုအခါ သူသည် ခပ်သွဲ့သွဲ့ကလေး ရယ်ကာ…

"စောစောကလို ပိုးပန်းတဲ့ပစ္စည်း(ပန်းစည်း/လက်ဆောင်)တွေကို လက်မခံတော့ ကျူပ်က အလကားသက်သက် သဝန်တိုစရာမလိုတော့ဘူးလေ  အဟွန်း"

ထိုသူသည် ကျေနပ်နေဟန်ဖြင့် ရယ်သွေးသွမ်းကာပြောလာလေလျှင်…

ရိပေါ်၏မျက်နှာလှလှကလေးမှာတော့ ရှက်ရိပ်ကလေးများ ရေးရေးလေး ဖြတ်သန်းသွား၏။

ရိပေါ်ထင်တာ စောစောက ပန်းစည်းက သူပေးတာလို့ ထင်နေခဲ့မိတာလေ……အခုလို ပြောပုံအရ ဆိုလျှင်တော့ ပန်းစည်းပေးတဲ့ သူက တစ်ခြားသူတစ်ယောက်ဖြစ်လိမ့်မည်။ခါတိုင်းလဲ ဒီလို ပိုးပန်းပစ္စည်းတွေ ရနေကြမလို့ ရိပေါ် ထိုကိစ္စကို ဆက်မတွေးတော့ဘဲ  မျက်လုံးကိုမှိတ်ကာ နားထင်ကို လက်ဖြင့် ထောက်ထားမိ၏။ထိုအခါတွင် ရိပေါ်ဘေးက သူ့ ဆီမှ စကားသံ ထွက်လာ၏။

"မသက်သာသေးဘူးလား…"

"အင်း     သက်သာနေပါပြီ နည်းနည်း နှုံးနေရုံပါပဲ…"

ရိပေါ်၏ စကားသံကိုကြားလျှင် သူသည် ကျစ်ကနဲ  စုပ်သပ်ကာ  ရိပေါ်နဖူးကို သူ၏ လက်ဖဝါးကြီးများဖြင့် ထိကိုင်လာလျှင် ရိပေါ် သူ့လက်တွေကို ခပ်ကြမ်းကြမ်း ရိုက်ထုတ်ပြစ်လိုက်၏။ထို့နောက် မျက်စိ မှိတ်ထားရင်းကပင်…

"ငါ့အသားကို တစ်ခြား သူစိမ်းထိကိုင်တာ မကြိုက်ဘူး…"

ရိပေါ်သည်  ပြောပြီးပြီးချင်းပင် မျက်လုံးများအား စူးစိုက်လို့ ထိုသူ၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံ ပြစ်လျှင်…ထိုသူသည် မျက်စိမျက်နှာ ပျက်ကာ… ဟန်ကိုယ့်ဖို့ ဟက်ကနဲ ရယ်၏။

Second LoveWhere stories live. Discover now