part-14

1.4K 153 26
                                    

Unicode!!

ရှောင်းကျန့်  ကုမ္ပဏီက အပြန်  ရှောင်းပဏာမ စံအိမ်တော်မှ သားသား ကိုပါ တစ်ခါတည်း ဝင် ခေါ်လာခဲ့၏။

သားသားကတော့ အပြန် လမ်းတစ်လျှောက်လုံးတွင်… ညီလေး လိုချင်ကြောင်းသာ တစ်ဖွဖွပြောနေ၏။ရှောင်းကျန့်က ရယ်၍

"ဒီစကားတွေ ဘယ်က ဘယ်လို ကြားပြီး ပြောတက်လာတာလဲကွာ!"

"ဟီး~~ ဖွားဖွား ပြောတာလေ…သားသားက ဖွားဖွားတို့နှင့်သွားအိပ်ရင် ပါးပါးက သားရဲ့ညီလေး ကို အမြန်ဆုံး မွေးပေးမှာတဲ့!"

ရှောင်းကျန့်က ခပ်ဟဟ ရယ်ကာ

"ဒီစကားတွေ မင်း ပါးပါး ကြားရင်တော့ အဆူခံရတော့မှာပဲကွာ…"

သားသားက ရှောင်းကျန့်ပြောတာကို နားလည်သလို တစ်ဟီးဟီးရယ်ကာ

"ဒက်ဒီ!"

"ဗျား!"

ရှောင်းကျန့်က ကားကို ဂရုတစိုက် မောင်းရင်း သားသားကို ထူး ၏။

"သားသားကို ညီလေးတွေ ညီမလေးတွေ အများကြီး မွေးပေးနော်!"

"ဟားဟား   ဒက်ဒီက ကြိုးစားပေးရုံပဲလေကွာ  အမှန်တကယ် မွေးပေးရမှာက သားရဲ့ပါးပါးလေ…"

"ဒါဆို ဒက်ဒီကလဲ   ပါးပါးကို ကလေးလေးတွေ မွေးစေချင်လားဟင်!"

ရှောင်းကျန့်က သားသားရဲ့ မျှော်လင့်နေဟန်ဖြင့် ရွှန်းလဲ့နေသည့် မျက်ဝန်းဝိုင်းကြီးတွေကိုကြည့်ကာ  အဖြေပြန် မပေးတော့ဘဲ  ခပ်ဖွဖွကလေးသာ ရယ်မိတော့သည်။

•     •     •

ရှောင်းကျန့်   ကားပေါ်မှ ဆင်းကာ  ကားသော့ကို  ကောင်လေးတစ်ယောက်အား ပစ်ပေးလိုက်ရင်း

"ဂိုထောင်ထဲ ထည့်ပေးထား!"

"ဟုတ်ကဲ့   သခင်လေး!"

ရှောင်းကျန့်  ကားတစ်ဖက်ခြမ်းကို ခြေတံရှည်တွေဖြင့်  ခပ်သွက်သွက်ကလေးသွားကာ ကားတံခါးကို ဆွဲဖွင့်၍ သားသားကို ပွေ့ချီလိုက်သည်။

ကားသံကြား၍ လာကြိုသည့် အိမ်တော်ထိန်းထံသို့  သားကို လွှဲ ပေးလိုက်ကာ

"ဝမ်ရိပေါ်   ထမင်း စားရဲ့လား!"

"ဟုတ်ကဲ့  မနက်ကတော့ မနက်စာ ဆင်း စားပါတယ်…ပြီးတော့ အကိုက်အခဲပျောက်ဆေး သောက်ပြီးကတည်းက သူ့အလုပ်ခန်းထဲ ဝင် သွားတာပါ…နေ့လည်စာ လဲ ထွက် မစားပါဘူး!"

Second LoveTempat cerita menjadi hidup. Temukan sekarang