part-21

3.5K 189 54
                                    

Unicode!



Pregnancy Test Kit (ကိုယ်ဝန်စမ်းသပ် ကိရိယာ)တွင် ပေါ်နေသော မျဉ်းနီလေး နှစ်ခု ကြောင့် ရိပေါ်မှာ ဝမ်းသာမှုတွေဖြင့် မျက်ရည်တွေဟာ ထိန်းမရ……

ရိပေါ်ရဲ့  ဒုတိယမြောက် ကလေးလေး……

ဟုတ်တယ်…ရိပေါ်ရဲ့ ဝမ်းထဲမှာ လူဆိုးကောင် ပေါက်စလေး ရှိနေလေပြီ။ရှေ့နှစ်ပါတ်လောက် ကတည်းက ရင်သွေးလေးရဲ့ အရိပ်အယောင်တွေကို ခံစားမိနေတာ ဖြစ်သော်လည်း ရိပေါ် သိပ်အလေး မထားမိခဲ့။

လူဆိုးကောင်နဲ့ ရိပေါ် ဆက်ဆံသည့် အကြိမ် အတော် များများတွင် တားဆေးတွေ သောက်မိတာကြောင့် ယခုလို ကိုယ်ဝန်ရှိလာဖို့ဆိုတာ ရိပေါ် မယုံကြည်ရဲခဲ့ပေ။

အခုတော့ လူဆိုးကောင် ပေါက်စလေးက ရိပေါ် ဗိုက်ထဲ ရှိနေပြီဆိုတော့ သူ့အဖေ လူဆိုးကြီး ရှောင်းကျန့် က ရော ရိပေါ်လို အရမ်းပျော်နေမှာ အမှန်ပေ။

ရိပေါ် အခုမှ နှစ်လ ကျော်သာ ရှိသေးသည့် ကိုယ်ဝန်ကြောင့်  မသိမသာလေး ဖောင်းနေသည့် ဗိုက်ကလေးပေါ်ကို လက်နှစ်ဖက်စလုံးဖြင့် ပွေ့ပိုက်လိုက်ကာ  နှုတ်ခမ်းဖူးဖူးလေးတွေမှာ အပြုံးတွေဟာလည်း ဝေဆာနေ၏။

"ပါးပါးရဲ့ လူဆိုးကောင်ပုစိလေးရေ   အန္တရာယ်ကင်းကင်းနဲ့  ပါးပါးရဲ့  ဝမ်းဗိုက်ထဲကနေ ထွက်လာရမယ်နော်…ကလေးလေး ထွက်လာပြီးရင် ကလေးလေးရဲ့ ကိုကိုနဲ့ ဒက်ဒီ ကလည်း ကလေးလေးကို အရမ်း ချစ်ပေးလိမ့်မယ် သိလား…အဟင်းဟင်း!"

ရိပေါ် ပြုံးလိုက်ကာ အနာဂါတ်တွင် ပျော်ရွှင်နွေးထွေးနေမည့်  ရိပေါ်တို့ မိသားစုကလေး အကြောင်းကို တွေးမိတော့ ရင်ထဲ ကြည်နူးမှုက တစ်သိမ့်သိမ့် စီးဆင်းလျက်……


ခြံထဲက ဥယျာဉ်ထဲမှာ  လူဆိုးကောင်(xz) နဲ့အတူ  ရိပေါ်တို့ သားလေး နှစ်ယောက်က ဘောလုံးကန် နေကြလိမ့်မည်။ရိပေါ်ကတော့  ကျောက်စားပွဲ ခုံပေါ် မေးထောက်ရင်း  ရယ်မောကာ ဆော့ကစားနေတဲ့ သားအဖသုံးယောက်ကို ကြည့်ပြီး  အလှဆုံးပြုံးနေမည်။

ရိပေါ်နဲ့ ရှောင်းလူဆိုးကောင်တို့ရဲ့ ကလေးလေးကို ဟယ်ရင်း လို့ နာမည်ပေးချင်တယ်…

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 27, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Second LoveOù les histoires vivent. Découvrez maintenant