part-16

1.2K 169 40
                                    

Unicode!!!

အပန်းရောင် သမ်း နေသည့် ရိပေါ် မျက်နှာ
ှကလေးကို ရှောင်းကျန့်က ချစ်မြတ်နိုးစွာ လိုက်ကြည့်နေလျှင် စားပွဲ ထိပ်ဆုံးရှိ  ရှောင်းသခင်ကြီးနှင့်သခင် မတို့က အချင်းချင်း အဓိပ္ပာယ် ပါပါ ကြည့်၍ ပြုံးလိုက်ကြသည်။

ရှောင်း ဒုတိယ အိမ်တော်မှ သခင်မ က

"ရှောင်ရှောင်းနဲ့ဝမ်အယ်(ရှောင်းလေးနဲ့ဝမ်လေး)တို့ ဒီလို ချစ်ချစ်ခင်ခင် နေကြတာ တွေ့တော့လဲ   အရီးတော်က အရမ်း စိတ်ချမ်းမြှေ့ရတာပဲကွယ်…"

"ကျေးဇူးပါ  အရီးတော်!"

ရှောင်းကျန့်က  ပြုံးတယ်ဆိုရုံလေး ပြုံးကာ ဆို၏။ရိပေါ်ကလဲ  ရှောင်း ဒု သခင်မကြီးကို ပြုံးကာ နှုတ်ဆက်လိုက်၏။ရှောင်းတစ်မျိုးလုံးတွင် ရိပေါ်နှင့် အစေးကပ်သူမှာ ရှောင်း ဒု သခင်မသာ ရှိသည်။

သူမသည် ရှောင်း(11)မျိုးဆက် တွင် တစ်ဦးတည်းသော  အမျိုးသမီး မျိုးဆက် ဖြစ်ပြီး  မောင်နှမ များ ကြားထဲတွင် အထွေးဆုံး ဖြစ်သည်။

သူမ၏ အစ်ကို များသည်  အထွေးဆုံး ညီမလေးအား သိပ်ချစ်ကြ၍ ကြေကြေနပ်နပ်ပင် ဒုတိယ အိမ်တော်အား ဆက်ခံစေခဲ့သည်။သို့သော် သူမသည် ဆက်ခံသူ နေရာကို  အချောင် မရ ယူ ခဲ့ဘဲ  ထိုက်တန်သော ဆက်ခံသူ ဖြစ်စေရန်  ကြိုးစားအားထုတ် ခဲ့ရသည်။သူမသည် လက်ရှိတွင် သက်တော်(43)ဖြစ်ကာ  ရိပေါ်နှင့်ဆို အသက်  7 နှစ် ခန့်သာ ကွာဟသည်။

သူမသည် လွန်ခဲ့သော (5)နှစ်ခန့်က  တစ်မျိုးလုံးက ပစ်ပယ် ထားခဲ့သော  ရိပေါ်နှင့်Seanတို့အား  သူမ၏ သားသမီးအရင်းအချာလို သဘောထားကာ တိတ်တဆိတ်ဖြင့် ကူညီစောင့်ရှောက်ပေးခဲ့သည်။

သို့ကြောင့်လဲ Seanက   အဆုံးထိ စိတ်ဓာတ် မပြိုလဲခဲ့ ခြင်း ဖြစ်သည်။

ထို့ကြောင့်  ရိပေါ်က သူမအား အလွန် ကျေးဇူးတင်မိ၏။

"လဲ့ကျဲ……ဘယ် နေ့က ပြန်ရောက်တာလဲ?!"

သူမက  သူမ၏ ခင်ပွန်းရှိသော US တွင်သာ  အနေများပြီး  Seanဆုံးပါး ပြီးနှစ်ကတည်းက တရုတ်ကို ပြန် မလာခဲ့သူ ဖြစ်သောကြောင့် ရိပေါ်က မေးလိုက်ခြင်းသာ…

Second LoveWhere stories live. Discover now