4ခု

1.6K 220 7
                                    

4ခု
Uni

ညအချိန်ကောင်းကင်ထက်လမင်းကြီးပျောက်ကွယ်နေသော်လဲကြယ်ပွင့်တို့လင်းလက်နေသည်။သစ်ပင်ကြီးတွေထူထပ်နေတဲ့တောထဲရေတံခွန်ဖွေးဖွေးကကြယ်ရောင်တွေလိုတလက်လက်တောက်ပစွာစီးဆင်းနေသည်။ရေတံခွန်ဘေးရပ်နေတဲ့လူကလက်တစ်ဖက်အနောက်ပစ်ထားပြီးညအမှောင်အောက်မှာတည်ရှိနေသည်။သူ၏မျက်ဝန်းတွေကအမှောင်ထဲမှာတောင်စူးရဲတောက်ပလျက်ရှိတယ်။

ဖျပ် ဖျပ် ဖျပ်

အတောင်တဖျပ်ဖျပ်ခတ်ပြီးကောင်းကင်ကဆင်းသက်လာတဲ့ခိုဖြူတစ်ကောင်ဟာထိုလူ၏လက်ပေါ်မှာလာရောက်နားသည်။​ခိုဖြူ၏ခြေထောက်မှာချည်ထားတဲ့စာလိတ်လေးကိုဖြေပြီးပြန်လွှတ်ပေးလိုက်သည်။စာလိတ်ကိုဖွင့်ကြည့်တော့သူမျော်လင့်ထားတဲ့အတိုင်းပဲမလိုထွေထွေထူးထူးမျက်နှာမှာခံစားချက်မပြတော့ပေ။စာလိတ်ကိုလုံးခြေပြီးပါးစပ်ထဲထည့်ကာမျက်စိစုံမှိတ်မြိုချလိုက်သည်။

ရှပ် ရှပ်.

အနောက်ကခြေသံကြားပေမဲ့သူမလှည့်ကြည့်ဘူးဘယ်သူလဲဆိုတာအတိအကျသိနေတာကြောင့်လဲဖြစ်သည်။ဝတ်ရုံနက်နဲ့မျက်နှာဖုံးအုပ်ထားတဲ့လူကအနောက်မှာရပ်ပြီးဒူးထောက်ချလိုက်သည်။ရှေ့မှာရပ်နေတဲ့လူကနောက်မလှည့်ကြည့်ပဲပြောလိုက်တယ်။

"ချန်းယွိရှီကအိမ်ရှေ့စံမွေးနေ့မှာနှင်းတောင်ဧကရာဇ်ကိုဖိတ်ကြားဖို့လုပ်နေတယ် ခုပဲကျားလုဆီကခိုစာရောက်တယ်အခြေအနေမတည်ငြိမ်သေးဘူး နှင်းတောင်ဧကရာဇ်ကိုမဖိတ်ကြားဖို့ဧကရာဇ်ကိုတားမှဖြစ်မယ် "

အနက်ရောင်ဝတ်ရုံနဲ့လူကထိုစကားကိုကြားတော့မျက်မှုန်းကြုပ်လိုက်သည်။

"မင်းစိုးရိမ်နေတာငါသိတယ် ခုချိန်ကျမှရွှယ်ရှန်း(နှင်းတောင်)ကိုပြန်လို့မရဘူး အချိန်ကောင်းကိုစောင့်မှဖြစ်မယ်..."

"ချန်းယွိရှီကိုမတားနိုင်ရင်ဘယ်လိုလုပ်မလဲ "

"ငါ့မှာအကြံတွေရှိပြီးသားပါတစ်ခုမဟုတ်တစ်ခုပေါ့"

မတ်တပ်ရပ်နေတဲ့လူကအေးဆေးတည်ငြိမ်စွာပြောနေသည်။

"ချန်းယွိရှီကရွှယ်ရှန်းတိဝမ်(နှင်းတောင်ဧကရာဇ်)ကိုအရမ်းတွေ့ချင်နေတာ အိမ်ရှေ့စံမွေးနေ့ကိုအယောင်ပြပြီးလူလုံးထွက်ပြလေ့မရှိတဲ့ရွှယ်ရှန်းတိဝမ်ကိုဖိတ်ပြီးထွက်လာခိုင်းနေတာသူ့ကိုတားလို့ရပါ့မလား"

Empress and his Servent✔Where stories live. Discover now