11ခု

1.6K 210 9
                                    

11ခု
Uni

အမိန့်ချတဲ့နေ့.....တရားရုံးတော်မှာရှောင်းကျန့်ကိုအပစ်ပေးဖို့အတွက်အသင့်ရှိနေကြသည်။ဧကရာဇ်ကပလ္လင်ထက်ရာဇမန်အပြည့်နဲ့ထိုင်နေပြီးရှောင်းကျန့်ကလူများအလယ်မှာဒူးထောက်လျက်ခေါင်းငုံ့ထားရသည်။လက်ကိုနောက်ပြန်ကြိုးတုတ်ကာလူနှစ်ယောက်ကသူ့အနောက်ကနေပုခုံးတွေကိုဖိချုပ်ထားတယ်။

ရှောင်းကျန့်အရမ်းကြောက်နေမိပါတယ်တသက်နဲ့တကိုယ်ဒီလိုဖြစ်လာလိမ့်မယ်လို့လုံးဝမထင်မိခဲ့ဘူး။အေးအေးချမ်းချမ်းလေးနေတဲ့သူ့ကိုမှဘာလို့ဒီလိုကံကြမ္မာမျိုးကရောက်လာရတာလဲ ခုမှအချစ်ကိုရှာဖွေတွေ့ရှိစအချိန်လေးမှာခွဲခွာခြင်းဆိုတဲ့မလှမပအဆုံးသတ်လေးနဲ့ပြီးဆုံးရတော့မလား။နောက်ဆုံးအကြိမ်လေးဧကရီကိုမြင်တွေ့ခြင်မိပါတယ်။ကျောက်စိမ်းသမျှလှပစိမ်းဖန့်လွန်းတဲ့မျက်နှာလေးကိုနောက်ဆုံးအကြိမ်မော်ဖူးခွင့်လေးလိုချင်ပါတယ်ဧကရီ..

"အပစ်သားရှောင်ရှောင်းကျန့်..နန်းတွင်းအစေခံခေါင်းဆောင်ဟွမ်ထုကိုသတ်တဲ့အမှုဟာထင်ရှားပါတယ်.မဟုတ်မမှန်ကြောင်းသက်သေမပြနိုင်ဘူး..နောက်ဆုံးအခွင့်အရေးဘာမှာခဲ့ချင်လဲ"

ဧကရာဇ်ကမျက်ခုံးအစုံစုကျုံ့ကာရာဇဒဏ်ပေးဖို့အသင့်အနေအထားနဲ့ပြောသည်။ရှောင်းကျန့်ကခေါင်းငုံ့ထားရာကနေတဖြည်းဖြည်းမော့ကြည့်လာတယ်။

"ဧကရီကိုစောင့်ရှောက်ပေးပါ"

"......."

နောက်ဆုံးအချိန်ထိဧကရီကိုစိတ်ပူပြီးဧကရီအတွက်တွေးပေးနေတဲ့အစေခံကိုချန်းယွိရှီကမျက်နှာထားတင်းမာစွာကြည့်နေတယ်။ဘေးကမင်းသား၃ကဧကရာဇ်ကိုကြည့်ကာခေါင်းအသာခါလိုက်သည်။အချစ်ကလူကိုရူးမိုက်စေတယ် ပြည်သူတွေလေးစားချစ်ခင်ရတဲ့ဧကရာဇ်..ဒါပေမဲ့အချစ်ကြောင့်အမှန်တရားရဲ့သားတော်တောင်မလုပ်နိုင်ဘူး မတရားဘူးမမှန်ကန်ဘူးဆိုတာသိနေတာတောင်အဲ့အမှားကိုအားပေးအားမြှောက်လုပ်နေတယ်။ ချန်းယွိရှီကသူချစ်တဲ့သူဘေးနားမှာရှိနေတဲ့လူကိုမနာလိုရှုစိတ်ထားကာအမှားတွေကျူးလွန်နေတယ်။

Empress and his Servent✔Where stories live. Discover now