12ခု

1.8K 200 9
                                    

12ခု
Uni

ရှောင်းကျန့်ဒီနေ့အရမ်းပျော်နေတယ်ဘာလို့ဆိုသူနဲ့ဧကရီမြို့တော်ထဲလိုက်လည်ရမှာမလို့ပင်။မစားဖူးတာတွေအကုန်စားပစ်မယ်လို့ပထမဆုံးတွေးလိုက်တယ်။နန်းတော်ထဲကထွက်သွားမယ်ပြောနေတဲ့သူ့ကိုဧကရီကအရင်ကထက်ပိုဂရုစိုက်လာတယ်အများကြီးပျော်အောင်လဲထားတယ်။ဒါကြောင့်ရှောင်းကျန့်ဧကရီကိုမထားခဲ့တော့ပါဘူး။

ပန်းအိုးတွေကိုဖုန်သုတ်နေတဲ့ရှောင်းကျန့်ကသီချင်းလေးတညည်းညည်းနဲ့ဖြစ်နေသည်။ညကျရင်နန်းပြင်ထွက်ရမှာကိုတွေးရင်းနဲ့တဟီးဟီးနဲ့သဘောတွေကျနေတယ်ဒီကိုရောက်ထဲကတခါမှမြို့မပတ်ဖူးဘူးလေ။သီးချင်းလဲဆိုငှက်မွှေးတံမြတ်စည်းကိုယိမ်းနွဲ့ကာမြူးမြူးကြွကြွကနေတဲ့ရှောင်းကျန့်ကိုဝမ်ရိပေါ်ကအပေါက်ဝကနေရပ်ကြည့်နေတာကိုတော့ရှောင်းကျန့်မသိပါ။အပေါက်ဝကိုကျောပေးထားတာမလို့ဖင်လေးတလှုပ်လှုပ်ဖြစ်နေတဲ့သူကိုဝမ်ရိပေါ်ပြေးပွေ့ပြီးဖင်ကိုရိုက်ပစ်ချင်သည်။

"အယ်..ဧကရီ"

အနောက်ကိုလှည့်လာတော့ခပ်ပြုံးပြုံးရပ်ကြည့်နေတဲ့ဧကရီကိုတွေ့ရသည်။သူ့မျက်နှာကြီးဘယ်နားသွားဖွက်ထားရမှန်းမသိအောင်ပဲရှက်နေမိတယ်။ယုန်တွင်းထဲဝင်ပုန်းချင်သည်ဝမ်ရိပေါ်ကပါးစပ်ကိုလက်သီးဆုပ်တေ့ကာတခစ်ခစ်နဲ့ရယ်နေတယ်။သူ့ကိုရယ်နေတာသိတော့ရှောင်းကျန့်နှုတ်ခမ်းစူချင်လာသည်။

"ဧကရီဘာလို့ကျွန်တော့ကိုရယ်တာလဲအရူးနဲ့တူနေလို့လား"

"မဟုတ်ပါဘူးရှောင်းကျန့်ကတာအရမ်းချစ်ဖို့ကောင်းလွန်းတယ် အသဲယားပြီးရယ်မိတာပါ"

ရှောင်းကျန့်ရှက်ပြုံးလေးဖြင့်ခေါင်းငုံ့လိုက်သည်။ဆုပ်ခြေနေမိတဲ့အင်္ကျီစသည်လဲတွန့်ကြေလို့ပင်။ဝမ်ရိပေါ်ကစားပွဲမှာထိုင်ပြီးရှောင်းကျန့်ကိုအနားလာဖို့ခေါ်တယ်။ရှောင်းကျန့်တံမြက်စည်းကိုနေရာမှာထားကာဧကရီနားရောက်လာတယ်။ထိုင်ခုံမှာထိုင်နေတဲ့ဧကရီဘေးဒူးထောက်ထိုင်ချကာပေါင်ပေါ်မှာခေါင်းအုံးလျက်လက်တွေကဧကရီခါးကိုဖက်တွယ်လိုက်တယ်။ရှောင်းကျန့်စိတ်အလိုလိုက်မိပြန်ပါပြီ..ဝမ်ရိပေါ်ကနှစ်ခြိုက်စွာပြုံးလျက်ရှောင်းကျန့်ဆံပင်လေးတွေကိုဖွဖွသပ်ပေးနေသည်။

Empress and his Servent✔Where stories live. Discover now